DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံ မြန်မာ မျှော်မှန်း
DVB
·
April 7, 2015
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံ  မြန်မာ မျှော်မှန်း
Donate to DVB

ဧပြီလ ၁ ရက်နေ့မှာ စတင်တဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ခြောက်ထောင် ဝင်ရောက်လာဖို့ လျာထား တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာရေး နှစ်စဉ်လျာထားအကောင် အထည် ဖော်ဆောင်ရွက်နေ သလို နှစ်ရှည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင် အထည်ဖော်နေတယ်လို့လည်းဆိုပါတယ်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၃၄၁၉ သန်းရှိခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် လျာထားချက် အမေရိကန်ဒေါ်လာ သန်းသုံးထောင်၊ အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၄၁ဝ၇ သန်းရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာတော့ လျာထားချက်အမေရိကန်ဒေါ်လာ သန်းလေးထောင် ရှိခဲ့ပြီး အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၈ဝ၁ဝ သန်း ထိရရှိခဲ့တယ်လို့ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံထားတဲ့ အဓိက လုပ်ငန်း ၅ ခုကတော့ လျှပ်စစ်စွမ်းအား လုပ်ငန်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း သယ်ယူပို့ ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ သတ္တုတူး ဖော်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။

ပြည်တွင်းမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားတဲ့ နိုင်ငံအလိုက် စာရင်းမှာတော့ တရုတ်က ၂၇ ရာခိုင်နှုန်းကျော်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ယူကေတို့ နောက်က အစဉ်လိုက်ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013