DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း တရားခံပြေးအမှုပေါင်း ၂၀၀၀ ကျော်ရှိဟု နယ်စပ်ရေးရာဝန်ကြီး ဆို
DVB
·
April 6, 2015
ရန်ကုန်တိုင်းအတွင်း တရားခံပြေးအမှုပေါင်း ၂၀၀၀ ကျော်ရှိဟု နယ်စပ်ရေးရာဝန်ကြီး ဆို
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ထိ ဖမ်းဆီးရန်ကျန်ရှိနေတဲ့ တရားခံပြေးအမှုပေါင်း ၂၃၉၅ မှု ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကဆိုပါတယ်။

ပထမအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) စတုတ္ထ နေ့အစီအစဉ်မှာ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် (၁)က လွှတ် တော်ကိုယ်စားလှယ် ဦးမြငွေ မေးမြန်းတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀-၁-၂၀၁၅ ရက်အထိ ခရိုင်အလိုက်ဖမ်းမမိ သေးတဲ့ တရားခံပြေးများ မည်မျှရှိသနည်း မေးခွန်ကို ပြန်လည် ဖြေကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခုမှာ ဖမ်းဆီရန်စာရင်းရှိ ၂၉ (က)အနေနဲ့ ၁၅၁မှု၊ ၂၉ (ဂ)အနေနဲ့ ၂၄၆၃မှုရှိ စုစုပေါင်း ၂၆၁၄ မှု ရှိပြီး ဖမ်းဆီးရမိမှုအနေနဲ့ ၂၉ (က)နဲ့ ၁မှု၊ ၂၉ (ဂ)အနေနဲ့ ၂၁၈မှု စုစုပေါင်း ၂၁၉ မှုရှိ၊ ဖမ်းဆီးရန်ကျန်အနေနဲ့ ၂၉ (က) ၁၅၀မှုနဲ့ ၂၉ (ဂ) ၂၂၄၅မှု စုစုပေါင်း ၂၃၉၅ မှုကျန်ရှိ နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

တရားခံပြေးများကိုဖော်ထုတ်ဖမ်းဆီးခြင်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တိုင်းဒေသကြီး ပြည်နယ်များရဲတပ်ဖွဲ့ဌာနများတွင်း ဖမ်းဆီးရန်ကျန်ရှိသော တရားခံပြေးများ ဖမ်းဆီးရမိရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးဟာ တရားခံပြေးအများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013