DVB Logo
Home
မြန်မာသတင်း
လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့် ဒေသခံ ၁ ဦး သေဆုံး
DVB
·
April 6, 2015
လေပြင်းတိုက်ခတ်မှုကြောင့် ဖားကန့် ဒေသခံ ၁ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းက လေပြင်းတွေ ရုတ်တရက်တိုက်ခတ်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ မနက် ၃ နာရီလောက်မှာ လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ဖားကန့်မြို့ပေါ်မှာ ဓာတ်မီးတိုင်တွေ ပြိုလဲ ပျက်စီးသွားသလို အဆောက်အဦးတချို့လည်း ပျက်စီးသွားခဲ့ပါတယ်။

လေပြင်းတွေကြောင့် တဲပြိုကျ ပိမိပြီး ကချင်အမျိုးသားတိုးတက်ဖွံ့ဖြိုးရေး ကုမ္ပဏီ (ကေအန်ဒီပီ) အစောင့်တယောက် သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့ခံ ဦးလာဆိုင်းက ပြောပါတယ်။

“ဖားကန့်မြို့ထဲမှာ တော်တော်များများ ဓါတ်မီးတိုင်တွေရောလဲတယ်။ ကေအန်ဒီပီကုမ္ပဏီက အစောင့်ပေါ့။ သူတို့ရဲ့ အစောင့်တဲကျတော့ မြေပေါ်မှာ ပုံစံတဲ လုပ်ထားပြီး ကင်းစောင့် ပေးတာပေါ့နော်။ ညလေတိုက်တဲ့အခါကျတော့ တဲပိပြီးမှ သေသွားတယ်လေ။” လို့ ပြောပါတယ်။

လေပြင်းကြောင့် ဖားကန့်မြို့ပေါ်အပြင် အနီးနားက ရွာတွေဖက်မှာလည်း တော်တော်များများ ပျက်စီးသွားခဲ့ပြီး အပျက်အစီးတွေကို အာဏာပိုင်တွေက မနေ့မနက်ကတည်းက လိုက်လံရှင်း လင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013