
တရုတ်-အိန္ဒိယ နယ်စပ်ဒေသဟာ ယေဘုယျအားဖြင့် တည်ငြိမ်ပြီး နှစ်ဖက်စလုံးက နယ်စပ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက ဇွန် ၂၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် BRICS အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးကို တက်ရောက်နေပါတယ်။
ဝမ်ယိက အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်နဲ့ တွေ့အပြီးမှာ တရုတ်နိုင်ငံခြားရေးက ခုလို မှတ်ချက်တွေကို ပြောခဲ့တာပါ။
နှစ်ဖက်စလုံးက နယ်စပ်ပြဿနာနဲ့ ပတ်သက်တဲ့ တရုတ်နဲ့ အိန္ဒိယအထူးကိုယ်စားလှယ်တွေအကြား ၂၄ ကြိမ်မြောက် ဆွေးနွေးပွဲမှာရခဲ့တဲ့ ဘုံနားလည်မှုတွေကို တက်တက်ကြွကြွ အကောင်အထည် ဖော်နေပြီး ၂၅ ကြိမ်မြောက်ဆွေးနွေးပွဲအတွက် ပြင်ဆင်ရာမှာ ကြိုးစားအားထုတ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။










