DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် စတင်ရောက်ရှိ
DVB
·
April 5, 2015
မြန်မာတနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် စတင်ရောက်ရှိ
Donate to DVB

ဧပြီ ၅ရက်က စတင်ပြီး မြန်မာတနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် လွန်ကဲ့အဆင်ကို စတင်ရောက်ရှိနေပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပါတယ်။

ကော့သောင်းမှာ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း အဆင့် ၁၄.၆နဲ့ အများဆုံးရောက်ရှိနေတယ်လို့ ရန်ကုန် မန္တလေးမှာတော့ အဆင့် ၁၃နဲ့ ၁၄ ကြားရှိသလို အခုရက်ပိုင်းမိုးရွာတဲ့ အတွက် အနည်းငယ် ပြန်ကျတယ်လို့ သူက ပြောပါတယ်။

“ခရမ်းလွန်ရောင်ခြည်က ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သတိထားရမယ်၊ အရေပြားနေလောင်တာ၊ အရေးပြားကင်ဆာတို့ မျက်စိထိခိုက်တာတို့ ဒါတွေကို သတိထားရမယ်” လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

သင်္ကြန်ကာလမှာ ခရမ်းလွန်ရောင်ခြည် အညွန်ကိန်းက ပိုမြင့်တက်နိုင်တဲ့ အတွက် ဂရုစိုက်ဖို့လိုသလို သင်္ကြန်ဇောနဲ့ နေပူထဲမှာနေရတဲ့ အချိန်ပိုများနိုင်သလို နေပူထဲမထွက်ရတဲ့ အချိန်တွေမှာလည်း နေပူထဲမှာ ရှိနေတတ်တဲ့ အတွက် သတိထားရမယ်လို့ သူက ပြောပါတယ်။

“သင်္ကြန်လည်လို့ရှိရင် ကားတွေက ကြပ်တဲ့အတွက် အလွယ်တကူ အရိပ်အာဝါသအောက် ရောက်ဖို့ မလွယ်ဘူးပေါ့၊ နောက်ပြီးတော့ အ၀တ်အစားအကြပ်တွေ ၀တ်မယ်၊ အနက်ရောင်တွေ ၀တ်မယ် ဒါတွေက ခရမ်းလွန်ရောင်ခြည်ကို ပိုဆိုးစေတယ်၊ နောက်တခုက ရေအမြဲစိုနေတာလည်း ပိုဆိုးနိုင်ပါတယ်၊ သင်္ကြန်ကာလကတော့ ခရမ်းလွန်ရောင်ခြည်ကို ဂရုစိုက်ရမယ့် ကာလတခုပေါ့ အဲဒါလေးကို သတိပေးချင်ပါတယ်” လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မှာ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း အဆင့် ၁၃ ကျော်ရှိခဲ့သလို ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ကယားပြည်နယ်တွေဟာ မနှစ်က ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း အမြင့်ဆုံး ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ နေ့အပူချိန်တွေကတော့ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့တွင် နေအပူချိန် ၂၆-၃၁ ဒီဂရီ ဆဲလ်စီရက် ကယား၊ ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ၃၂-၃၅ ဒီဂရီ ဆဲလ်စီရက် ကျန်တိုင်း ဒေသကြီးများနဲ့ ပြည်နယ်ဒေသများတွင် ၃၆-၄၀ ဒီဂရီ ဆဲလ်စီရက် အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကချင်၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မနက်ပိုင်း မြူတွေ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013