DVB Logo
Home
မြန်မာသတင်း
ဖမ်ဆီးခံကျောင်းသားများအရေး ဗြိတိန်၊ သြစတြေးလျနှင့်မြန်မာ တကသများ ဆွေးနွေး
DVB
·
April 5, 2015
ဖမ်ဆီးခံကျောင်းသားများအရေး ဗြိတိန်၊ သြစတြေးလျနှင့်မြန်မာ တကသများ ဆွေးနွေး
1 / 3
Donate to DVB

တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ တက္ကသိုလ် တွေက ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ အယ်လ်ဖာ ဟိုတယ်မှာ ဧပြီ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ တောင်းဆိုနေချိန်မှာ တကသကျောင်းသားတွေနဲ့  ဗြိတိန်က အောက်စဖို့ တက္ကသိုလ် အပါအ၀င် သြစတြေးလျေမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ကုန် တက္ကသိုလ်တွေက ကျောင်းသားတွေ ပညာရေး ဥပဒေပြင်ဆင်နေမှုနဲ့ အဖမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။

တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ အခန်းဂဏ္ဍတွေနဲ့ ပက်သက်ပြီး အနောက်နိုင်ငံ တက္ကသိုလ်တွေနဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

students1 copyအခု ဆွေးနွေးပွဲကို တကသကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုနန်းဝင်းတို့ အပါအ၀င် ကျောင်းသား ၅၀ လောက်ဟာ အနောက်နိုင်ငံတက္ကသိုလ်တွေက သမဂ္ဂခေါင်းဆောင်တွေနဲ့ ၂ ရက်ကြာ ဆွေးနွေးကြတာပါ။

အခုလို  တွေ့ဆုံနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ပေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013