DVB Logo
Home
မြန်မာသတင်း
ထိုင်းမြောက်ပိုင်း ကရင်ကျေးရွာမီးလောင်၊ လူ ၁၀၀ ကျော် မီးဘေးသင့်
DVB
·
April 4, 2015
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အုံးကွယ်မြို့နယ်က ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ မဲ့ဟောင့်ကန်ရွာမှာ ဧပြီလ ၁ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂၄ လုံး မီးထဲပါသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် လူပေါင်း ၁၁၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မော်တော်ကားတစီးပါ မီးထဲပါသွားတယ်လို့ အုံးကွယ်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိတဦးက သတင်းထောက်ကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်း အသေးစိတ်မသိရပေမယ့် ချက်ပြုတ်စားသောက်ရာက ကျန်ရစ်ခဲ့တဲ့ မီးကြွင်းမီးကျန်တွေကနေ ထလောင်တာလို့ ယူဆရကြောင်း၊ အဲဒီရွာမှာ အိမ်ခြေ စုစုပေါင်း ၅၂ လုံးရှိပြီး အများစုဟာ တောင်ယာလုပ်ကိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်ချိန်မှာ အားလုံးနီးပါး တောင်ယာထဲရောက်နေကြောင်း၊ မော်တော်ကားပိုင်ရှင်ဟာလည်း ရွာနဲ့ ၆၀ ကီလိုမီတာဝေးတဲ့ ကျွမ်ထောင်းကို ရောက်ရှိနေပြီး ကားသော့ပါယူသွားတဲ့အတွက် ရွှေ့ဖို့အချိန်မရဘဲ ကားမီးထဲပါသွားတာလို့  နယ်မြေအုပ်ချုပ်ရေးမှူးရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

[gallery ids="88233,88234,88235,88236,88237,88238,88239,88240,88241,88242,88243,88244,88245,88246,88247"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013