
ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ လယောင်းမြို့နယ်မှာ စက်တင်ဘာ ၃ ရက် မနက်က အမှိုက်ပုံးထဲ စွန့်ပစ်ခံရတဲ့ မွေးကင်းစ ယောကျ်ားလေးတယောက်ကို အမှိုက်ကောက်သမားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၅၀ အရွယ်ရှိ အမှိုက်ကောက်သမားတယောက်ဟာ စက်တင်ဘာ ၂ ရက် သန်းခေါင်ယံ လောက်က လယောင်းမြို့ ချိန်းနိန်းရပ်ကွက် နယ်မြေ ၅ ထောင်းဒီးလမ်းရှိ အမှိုက်ပုံမှာ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်စဉ် ကလေးငိုသံကြားလို့ အသံလာရာ အမှိုက်ပုံးထဲကနေ အိတ်အမည်း ၂ ထပ်ထဲ ထည့်ထားတဲ့ မွေးစကလေးကိုရှာတွေ့တာကြောင့် တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာပါ။
ဒီနောက်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီး ကလေးကို အိတ်ထဲက ထုတ်ယူတာမှာ အညိုရောင် တဘက်နဲ့ ထုတ်ထားပြီး ချက်ကြိုးက ခန္ဓာကိုယ်ကို နှစ်ပတ်ရစ်ထားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က ကလေးကို ချက်ကြိုးဖြတ် ရှေးဦးသူနာပြုစုပြီး ဆေးရုံကြီးကို ခေါ်သွား ခဲ့ပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့က ကလေးစွန့်ပစ်သူမိခင်ကို ဥပဒေအရ အရေးယူဖို့ အပူတပြင်း လိုက်လံရှာဖွေ နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath / CH7 TV News











