DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှု အန္တရာယ်ကြောင့် လုံခြုံရေး အ၀ါရောင်အဆင့်ဆက်ထားမည်
DVB
·
April 3, 2015
အကြမ်းဖက်မှု အန္တရာယ်ကြောင့် လုံခြုံရေး အ၀ါရောင်အဆင့်ဆက်ထားမည်
Donate to DVB

 

အိန္ဒိယကအကြမ်းဖက် (အာအက်စ်အို) အင်အား ၂၀၀ လွတ်မြောက်နေဆဲဖြစ်လို့ နယ်မြေ လုံခြုံရေးအဆင့်ကို အ၀ါရောင်အဆင့်ကနေ  လျော့ချသွားမှာမဟုတ်ဘူးလို့   မဟုတ်ဘူးလို့ နေပြည်တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

 

သင်္ကြန်ကာလမှာ မူခင်းလျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးနဲ့ လိင်စိတ်နှိုးကြွစေတဲ့ ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းမရှိစေရေး အသိပညာပေးဟောပြောပွဲမှာ မီဒီယာ တွေရဲ့ မေးမြန်း ချက်ကို  နေပြည်တော်ရဲတပ်ဖွဲ့က ဒုတိယ တိုင်းရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ဇော်ခင်အောင်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“အိန္ဒိယကနေပြီးတော့မှ အာအက်စ်အို အင်အား ၃၀၀ ဟာ ကျနော်တို့ နိုင်ငံထဲကို ၀င်ဖို့ လေ့ကျင့်ပြီးတော့မှ ၀င်လာတယ်ဆိုတဲ့သတင်းရှိတယ်။ ဒါလျို့ဝှက်ထားစရာလည်းမရှိဘူး၊ အားလုံးလဲသိပြီး သားဖြစ်ပါတယ်။ ဒါပေမယ့်  အဲဒီမှာ ၁၀၀ ကျနော်တို့က အိန္ဒိယ တပ်မတော်က ဖမ်းဆီးရမိပါတယ်။ ကျနော်တို့  ၂၀၀ ပျောက်နေတယ်။  လမ်းကြောင်း ၂ ကြောင်းကနေ ၀င်လာနိုင်တယ်။  အထူးသဖြင့် တမူး- ကလေးလမ်းကြောင်း၊ နောက် မောင်တော လမ်းကြောင်းပေါ့။  ဒီလမ်းကြောင်း ၂ ကြောင်းကို   သတိစောစောပေးထားပြီးတော့မှ စစ်ဆေးတာတွေ ကြပ်မတ်တာတွေလုပ်နေတယ်“

 

ပြည်ပအကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ရှိနေတဲ့အပြင် ပြည်တွင်းအကြမ်းဖက်မှုတွေရဲ့  ခြိမ်းခြောက်မှုအန္တရာယ်တွေလည်းရှိနိုင်တယ်လို့လည်း   ရဲမှုးကြီး ဇော်ခင်အောင်ကပြောပါတယ်။

 

“ပြည်တွင်းအကြမ်းဖက်မှုမရှိဘူးလို့ ပြောလို့မရဘူး၊ အပစ်အခတ်ရပ်စဲရေးလုပ်နေတယ်၊  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တချို့တွေက သဘောတူတာရှိတယ်။  တချို့က သဘောမတူတာရှိတယ်။ ဥပမာ ကေအန်ယူထဲမှာပဲ အပြုသဘောဆောင်တဲ့လူရှိတယ်။ အဖျက်သဘော ဆောင်တဲ့သူရှိတယ်၊ အလားတူဘဲ သိတဲ့အတိုင်းဘဲ လောက်ကိုင်  ခြိမ်းခြောက်မှုကလည်းရှိ နေတယ်။  စစ်ရေးအရ သူတို့ကို ဖိအားပေးထားတယ်။ သူတို့ အကျအဆုံးတွေများနေတယ်။ အဲဒီလိုဟာကို အာရုံလွှဲဖို့ အတွက် လုပ်လာတယ်။ ဒါကိုသတိပေးတဲ့အနေနဲ့ အခုအချိန်အထိ  ကျနော်တို့ ခဏခဏပြောတဲ့  အကြမ်းဖက်သမား ခြိမ်းခြောက်မှု အန္တရာယ် အ၀ါရောင် အဆင့်က မလျော့ဘူး”လို့ပြောပါတယ်။

အာရှတိုက်မှာ တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့ခွဲတွေ တိုးချဲ့ဖွဲ့စည်းထားတဲ့အတွက် နယ်မြေရဲ့ အ၀င်ဂိတ်တွေမှာလည်း စစ်ဆေးတာတွေ အမြဲတမ်းပြုလုပ်နေသလို သင်္ကြန်ကာလအတွက်လည်း အခုကတည်းက ဆောင်ရွက် နေတယ်လို့ ရဲမှုးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013