DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင် အကျည်းတန် ပျော်ပါးမှုများ မလုပ်ရန် သမ္မတ သတိပေး
DVB
·
April 3, 2015
သင်္ကြန်တွင် အကျည်းတန် ပျော်ပါးမှုများ မလုပ်ရန် သမ္မတ သတိပေး
1 / 5
Donate to DVB

လာမယ့် မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ   အကျည်းတန်စေမယ့် ပျော်ပါးမှုတွေ အစား ပျော်ရွှင် စည်းကမ်းရှိပြီး နိုင်ငံပုံရိပ်ကောင်းမွန်စေမည့် သင်္ကြန်ပွဲတော်ဖြစ်အောင်  ဆင်နွှဲကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၃ ရက် နေ့  နိုင်ငံတ၀န်းကို  အစိုးရပိုင်မီဒီယာတွေကနေ တဆင့် ပြောကြားတဲ့ လစဉ်ပုံမှန်မိန့်ခွန်းမှာ သမ္မတ ဦသိန်းစိန်ကပြောကြားသွားတာပါ။

သမ္မတက  “နိုင်ငံသားအားလုံးရဲ့ အမျိုးသားရေး လက္ခဏာ များထဲက တခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို အကျည်းတန်စေမယ့် ပျော်ပါးမှုမျိုးအစား နိုင်ငံသားများအကြား ချစ်ခင်ရင်းနှီးမှုများကို  တိုးပွားစေမယ့် နိုင်ငံတကာက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ အမြင်မှာလည်း ပျော်ရွှင်မှုနဲ့ စည်းကမ်းရှိမှုကို ထင်ဟပ်ပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကောင်းမွန်စေမယ့် ပွဲတော်တရပ်ဖြစ်အောင် နိုင်ငံသားတာဝန်တရပ်အနေနဲ့ ခံယူပြီး ပျော်ရွှင်စွာ ဆင်နွှဲကြပါ”လို့ ပြောကြားသွားပါတယ်။

ဒါ့ပြင် နှစ်သစ်ကူး အခါသမယမှာ  ပြည်သူတွေ အားလုံး အတာသင်္ကြန်ကို နွဲပျော်ရင်း မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ် ဖြစ်စေဖို့လည်း သမ္မတက  ဆုတောင်းပေးသွားပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၆ ကနေ ၁၃၇၇  ခုနှစ်ကို ကူးပြောင်းတဲ့ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲ တော်ကို ဧပြီလ ၁၃ ကနေ ဧပြီလ ၁၆  အထိ ကျင်းပမှာဖြစ်ပါတယ်။

[gallery ids="88164,88165,88166"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013