DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ
DVB
·
April 3, 2015
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်မှုရှိမယ့်အကြောင်း ကြိုတင်သတင်းရထားချက်အရ  လက်ထောက်ခရိုင်ဝန် နိုင်းဆာမ်ဖောင်း ကထင်ထောင်းန် ဦးဆောင်တဲ့ နယ်မြေခံရဲတပ်ဖွဲ့၊ အမှတ် ၁ နယ်ခြားစောင့်ပြည်သူ့စစ်အဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဘန့်ကောင်ရပ်ကွက် လမ်းမပေါ်မှာ စစ်ဆေးရေးလုပ်ခဲ့ပြီး တိုယိုတာ ဟိုင်းလပ်ကားတစီးပေါ်ကနေ တရားမ၀င်သူတွေကို ဖမ်းမိခဲ့တာလို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးမှ သတင်းထောက်တွေ ကို ပြောပါတယ်။

ယာဉ်မောင်းသူမှာ ထိုင်းဘာသာပြောဆိုတတ်သူ မြန်မာနိုင်ငံသား ကိုစည်သူ ခေါ် ဆုမ်ဆဒ် (အသက် ၄၀) နှစ်ဖြစ်ပြီး အဲဒီအလုပ်သမား အယောက် ၂၀ ဟာ မြန်မာပြည်ဘက်က ၀င်ရောက်လာတာလို့ ဆိုပါတယ်။

သူတို့ကို ကန်ကျနပူရီခရိုင်  ဖူးနမ့်လွန်ကျောင်းတိုက်အနီး မွန်ရွာကနေ ခေါ်ဆောင်ခဲ့ပြီး ရာ့ခ်ျပူရီခရိုင် နဲ့ ဆမွတ်ဆာခွန်းခရိုင်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သွားလုပ်ဖို့ ပို့ဆောင်ပေးမှာလို့ ကားသမားက ၀န်ခံသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အားလုံးကို လိုအပ်သလိုအရေးယူဖို့ ထိန်းသိမ်းခေါ်ဆောင်ထားပြီး အပ်ချုပ်စက်တလုံး နဲ့ တယ်လီဖုံးတလုံးကိုလည်း သက်သေခံပစ္စည်းအဖြစ် ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013