DVB Logo
Home
မြန်မာသတင်း
ဦးထင်လင်းဦး ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားရုံးတွင် ထုခြေ
DVB
·
April 2, 2015
ဦးထင်လင်းဦး  ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားရုံးတွင် ထုခြေ
1 / 4
Donate to DVB

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး သူ့ကို စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ထုခြေတယ်လို့ သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိက အားဖြင့် အချက် ၃ ချက်ပေါ့နော်။ ပထမအချက်ကတော့ ကိုထင်လင်းဦးပြောပြတဲ့အချက်တွေက ဟောပြောချက်တွေကို အခြေပြုခဲ့တာက  ကျီးသဲလေး ထပ်ဆရာတော်ဘုရားကြီးရဲ့ ဇိနတ္ထပကာသနီ ဗုဒ္ဓ၀င်ကိုအခြေပြုတယ်။ နောက်တခါ ဂန္ဓာရုံဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာကျမ်းကို အခြေပြုပြီးတော့ မြတ်စွာဘုရားရဲ့ မေတ္တာသုတ်တို့ကို အခြေပြုပြီးပြောတယ်ဆိုတာကို ကျနော်တို့ ထုချေတယ်။ နောက် ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်လပ်စွာပြောကြားခွင့်ရှိတယ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အရလည်း မိမိသဘောထားတွေကို လွတ်လပ်စွာ ပြောကြားခွင့်ရှိတဲ့အတွက် ဒီအချက် ၃ ချက်အရ ကျနော်တို့မှာ အပြစ်မရှိဘူးလို့ ထုချေတယ်။”

ဒီနေ့ရုံးချိန်ဟာ ၁၃ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး လာမယ့်ဧပြီလ ၈ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဆရာထင်လင်းဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ် စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ တရားစွဲဆိုခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုကိုအာမခံလျှောက်ခဲ့ပေမယ့် ပယ်ချခြင်းခံရပါတယ်။

ဇန်န၀ါရီလ ၁၅ ရက်နေ့ သူရဲ့ရုံးချိန်းတုန်းကလည်း  ချောင်းဦးမြို့မှာရှိတဲ့ သံဃာတော် အပါ ၃၀ လောက်ကို ပင့်ဖိတ်ပြီး သံဃာတော်တွေကို တောင်းပန်ခဲ့သလို  သံဃာတော်တွေကလည်း ကျေနပ်အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

[gallery ids="88114,88115,88116"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013