DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို ယာဉ်တိုက်မှု ၉ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
April 2, 2015
ကျိုက်ထို ယာဉ်တိုက်မှု ၉ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
1 / 2
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၉ ဦးသေဆုံး၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က ကရင်ပြည်နယ်ဘက်ကလာတဲ့ ဟိုင်းလပ်ကား ၁ စီးနဲ့ ကျိုက်ထိုက သဲတင်ကားတစ်စီး ကျိုက်ထိုမြို့အ၀င်နားမှာ တိုက်မိတာလို့ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ရန်နိုင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

“အစကတော့ ၈ ဦးသေဆုံးပါတယ်။ ဆေးရုံရောက်ပြီး မကြာခင် နောက် ၁ ဦး ထပ်ဆုံးတော့ ၉ ဦးပေါ့။ ဆုံးတဲ့ထဲမှာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး၊ ကလေး ၄ ယောက်ပါတယ်။ ကျန်တဲ့ ဒဏ်ရာရသူက အသက် ၄- ၅ နှစ်ရွယ် မိန်းကလေးတယောက်၊ ၁၃ နှစ်ရွယ် ယောက်ျားလေး တယောက် နဲ့ ၂၀ ရွယ် လူငယ်တယောက်။ ကလေးတယောက်က ပေါင် ၂ ချောင်းလုံးကျိုးတယ်၊ ကျန်တဲ့ ၂ ယောက်က မျက်နှာပေါက်ပြဲဒဏ်ရာရှိတယ်၊ နောက်တယောက်က ခေါင်းကွဲတယ်။ ၃ လက်မလောက် အရိုးလည်းအက်တာနဲ့ ကျနော်တို့ ပဲခူးဆေးရုံကြီးကို လွှဲလိုက်ပါတယ်ခင်ဗျ။”

သေဆုံးသူတွေဟာ ဟိုင်းလပ်စ်ကားပေါ်ပါလာတဲ့ သူတွေဖြစ်ပြီး ကားဒရိုင်ဘာလည်း သေဆုံးသွားကြောင်း၊ သဲတင်တဲ့ကားမောင်းသူကတော့ အနည်းအကျဉ်းသာ ဒဏ်ရာရသွားတယ်လို့ သူကဆက်ပြောပါတယ်။

ဟိုင်းလပ်ကားပေါ်ပါလာသူတွေဟာ အများအားဖြင့် ကရင်ပြည်နယ် ဘားအံနဲ့ ကော့ကရိတ်ဘက်ကလို့ သိရပြီး သူတို့ခရီးစဉ်နဲ့ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းကိုတော့ မသိရဘူးလို့ ကျန်းမာရေးဦးစီးမှူးက ပြောသွားပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ ယာဉ်တိုက်မှုအပေါ် အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကျိုက်ထိုရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တယ်လီဖုန်းဆက်သွယ်မှုလိုင်း မကောင်း ဘူးလို့ ရဲတပ်ဖွဲ့ဝင်တွေက ဖြေကြားပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013