DVB Logo
Home
မြန်မာသတင်း
ခန္တီးရှမ်းတိုင်းရင်းသားများ ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲကျင်းပမည်
DVB
·
April 2, 2015
ခန္တီးရှမ်းတိုင်းရင်းသားများ ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲကျင်းပမည်
Donate to DVB

ရှမ်းမျိုးနွယ်စုထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ ခန္တီးရှမ်းတိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲကို ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမှာ ဧပြီ ၃ ရက်ကနေ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပဖို့ ရှိနေပါတယ်။

အနယ်နယ်အရပ်ရပ်မှာ  ပျံ့နှံ့နေထိုင်ကြတဲ့ ခန္တီးရှမ်းမိသားစုအချင်းချင်း ပြန်လည်တွေ့ဆုံပြီး  အနာဂတ်မှာ မိမိလူမျိုးတိုးတက်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ဖို့  နှီးနှောဖလှယ်ပွဲကျင်းပရတာလို့  ဖြစ်မြောက်ရေးကော်မတီနာယက ဦးစိုင်းလင်းက ဒီဗွီဘီကို ပြောပါတယ် ။

“ကျနော်တို့ ခန္တီးရှမ်းလူမျိုးတွေဟာ မြန်မာနိုင်ငံထဲမှာရော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Arunachal Pradesh ပြည်နယ်မှာပါ ပျံ့နှံ့နေထိုင်ကြတယ်။ နေရာဒေသအသီးသီးမှာ ရောက်ရှိနေတဲ့ ခန္တီးရှမ်းအချင်းချင်း ပြန်လည်တွေ့ဆုံပြီး ကိုယ့်ဒေသက လုပ်ကိုင်နေထိုင်စားသောက်မှု အခြေအနေတွေ ဖလှယ်ကြမယ်။ ရှေ့အနာဂတ် ကိုယ့်လူမျိုးတိုးတက်ရေးအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေ ဆွေးနွေးနိုင်ဖို့ ဒီဖိုရမ်ကို ကျင်းပရတာ ဖြစ်ပါတယ်။”

ပထမဆုံးအကြိမ်ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲဆင်နွှဲဖို့ ရန်ကုန်၊ မန္တလေး၊ ပူတာအို၊ မြစ်ကြီးနား၊ ခန္တီး စတဲ့ ဒေသက ကိုယ်စားလှယ် ၁၀၀ ကျော် ရောက်နေကြပြီလို့  ဦးစိုင်းလင်းက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013