DVB Logo
Home
Lead Story
လမ်း (ဓာတ်ပုံ အက်ဆေး)
DVB
·
April 1, 2015
လမ်း (ဓာတ်ပုံ အက်ဆေး)
1 / 15
Donate to DVB

တောက်ပသော တပေါင်း နွေပူပူအောက်မှာ အပူဒဏ်ကို အန်တုပြီး သူတို့ အလုပ်လုပ်နေကြဆဲ ဖြစ်သည်။ ကျောက်သယ်သူ သယ်၊ ကတ္တရာလောင်းသူ လောင်း၊ ကျောက်မှုန့်ခင်းသူ ခင်းနဲ့ တမိုးလုံး ဖြစ်ချင်တိုင်းဖြစ်ခဲ့သော လမ်းမကြီးက မျက်စိအောင်မှာတင် လှပ ဖြောင့်တန်းသွားခဲ့သည်။

“ဒီလမ်းပိုင်းတွေကို မတ်လအကုန် အပြီး ခင်းရမှာ။ ဒါကြောင့် ညပိုင်းမှာပါ အလှည့်ကျ ဆင်းပြီး လုပ်နေတာပါ” ဟု လမ်းလုပ်သားတဦးက ပြောသည်။

“နေ့ဆိုင်းနဲ့ ညဆိုင်း ခွဲပြီး လုပ်တာပေါ့။ ကျနော်ဆို တနေ့ ၄၀၀၀ ရတယ်။ ကတ္တရာသမားက ၅၀၀၀ ဗျ၊။ စားစရိတ်ငြိမ်း မနက်ဆို စားဖိုက ချက်ပေးထားတယ်။ အလုပ်မဆင်းခင် ထည့်သွား ကြတာပေါ့” ဟု သူကဆက်ပြောသည်။

ထားဝယ် - မြိတ်လမ်းပိုင်း ကားလမ်း အဆင့်မြှင့်တင်လမ်းခင်းနေသည့် လမ်းတလျှောက် မှာတော့ အလုပ်သမားပေါင်း ၁၀၀၀ ကျော်လောက်တောင် ရှိနေနိုင်သည်။ ဒေသတွင်းဒေသခံ အလုပ်သမား ရှားသည်မို့ လမ်းခင်းအလုပ်သမားအများစုက အညာဒေသနဲ့ ဧရာဝတီတိုင်း ဘက်ကနေ အုပ်စုလိုက် လာရောက်လုပ်ကိုင်ကြတာတွေ များသည်။

“တချို့ဆို မိသားစု လိုက်လာတာပါ။ ကျောင်းနေအရွယ်ကလေးတချို့တော့ ရွာမှာ ထားခဲ့တာပေါ့။ ခုပါလာတဲ့ ကလေးတွေလည်း ရှိပါတယ်။ တချို့လည်း ဒီမှာ အလုပ်ဝင် လုပ်ကြတာ။ သူတို့လည်း တနေ့ ၄၀၀၀ ဆိုတော့ ၀င်ငွေ ပိုရတာပေါ့။” ဟု လမ်းလုပ်သားတဦးက တွက်ပြသည်။ သူက ခဏလေးနားနေရာကနေ လုပ်ငန်းခွင် ပြန်ဝင်ဖို့ ပြင်သည်။

“သင်္ကြန်နီးရင်တော့ ရွာပြန်ဦးမယ်။ မိုးဆိုရွာမှာ အလုပ်လေးတွေ လုပ်ရဦးမယ်။ လယ်လုပ်ငန်းပေါ့ဗျာ”ဟုပြောရင်း ခင်းလက်စ လမ်းပေါ် တက်သွားသည်။

ဒီအချိန်လေးမှာ အဝေးပြေး Express ကားတစီးက ဖြတ်သွားတော့ ခင်းလက်စလမ်းက ဖုန်မှုန့်တွေက ထားဝယ် - မြိတ်ကားလမ်းတနေရာမှာ ဝေ့၀ဲ ကျန်ရစ်ခဲ့ပြန်လေသည်။

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

[gallery ids="88000,88001,88002,88003,88004,88005,88006,88007,88008,88009,88010,88011,88012,88013,88014"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013