DVB Logo
Home
မြန်မာသတင်း
ပန်းရောင်ကတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးရန် နေရာများဖွင့်လှစ်
DVB
·
April 1, 2015
ပန်းရောင်ကတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးရန် နေရာများဖွင့်လှစ်
Donate to DVB

ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်ခွင့်ရှိ ပန်းရောင်အလုပ်သမားကတ်ပြားတွေ သက်တမ်းတိုးဖို့အတွက် ၀မ်းစတော့ပ်ဆားဗစ်စင်တာ လို့ခေါ်တဲ့ တနေရာတည်း အပြီးဆောင်ရွက်ပေးတဲ့ စခန်းတွေကို  တနိုင်ငံလုံး ဒီကနေ့စတင်ဖွင့်လှစ်လိုက်ပြီလို့ အိုင်အန်အန် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု ပြဿ      နာ၊ တရားမ၀င်အလုပ်သမားပြဿ     နာနဲ့  အားနည်းချက်ပေါ် အခွင့်ကောင်းယူပြီး အမြတ်ထုတ်လုပ်စားနေတာတွေ ကာကွယ်ဖို့အတွက် စီစဉ်ပေးတာလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဝိဘွန်း ဆငွန်ဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီအစီအစဉ်အတွက် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့တကွ အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကနေ အောက်တိုဘာလအတွင်း ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် (ထောရော ၃၈ /၁ ) ရှိထားပြီး နိုင်ငံသားစိစစ်ရေး မလျှောက်ထားရသေး တဲ့သူတွေဟာ မိမိနေထိုင်ရာ ခရိုင်ထဲမှာရှိတဲ့ ၀မ်းစတော့ဆားဗစ်စင်တာတွေမှာ သွားရောက်သက်တမ်းတိုးဖို့ ဖြစ်ပါတယ်။

သက်တမ်းတိုးတဲ့အခါ အလုပ်သမားတဦးကို ဘတ် ၃၁၆၀ ကုန်ကျမှာဖြစ်ပြီး အဲဒီထဲမှာ မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ၁ နှစ်စာ ကျန်းမာရေး အာမခံကြေးနဲ့ ၁ နှစ်စာ အလုပ်လုပ်ခွင့်ဝန်ဆောင်ခတွေ ပါဝင်ပါတယ်။

မှီခိုသူ အသက် ၁၅ နှစ်အောက် ကလေးတွေလည်း သက်တမ်းတိုးရမှာဖြစ်ပြီး ကုန်ကျငွေ ဘတ် ၁၁၂၀ ဖြစ်ကာ အဲဒီထဲမှာ မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ နဲ့ ၁ နှစ်စာ ကျန်းမာရေး အာမခံကြေးတွေ ပါဝင်ပါတယ်။

ဒီတခေါက် သက်တမ်းတိုးထားတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲမှာ လာမယ့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ နောက်ထပ် ၁ နှစ် နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

သက်တမ်းတိုးခြင်းကာလကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့ထိ သတ်မှတ်ထားပြီး သတ်မှတ်ချိန်တွင်း သက်တမ်း မတိုးရင် ဥပဒေအရ ဖမ်းဆီးကာ နေရင်း နိုင်ငံ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

အထက်ပါ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ယာယီနိုင်ငံကူးလက်မှတ်ကိုလည်း လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီကိစ္စအတွက် သက်ဆိုင်ရာ သံရုံးမှာ နိုင်ငံသားစိစစ်ရေး လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီအစိုးရရဲ့ အစီအစဉ်နဲ့  မနှစ်က လုပ်ဆောင်ပေးခဲ့တဲ့ ပန်းရောင်ယာယီနေထိုင်ခွင့် ကတ်ပြားရရှိသူတွေထဲမှာ မြန်မာနိုင်ငံသားပေါင်း ၆ သိန်းခွဲ ပါဝင်တယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013