DVB Logo
Home
မြန်မာသတင်း
တရားမ၀င် အီရတ်နိုင်ငံသားတဦးကို မြန်မာရဲ ဖမ်းဆီးအရေးယူ (ရုပ်သံ)
DVB
·
April 1, 2015
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ  ကရင်ပြည်နယ် မြ၀တီမြို့ဘက်ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်  ၀င်ရောက်လာတဲ့ အီရတ်နိုင်ငံသားတဦးကို  မြန်မာရဲတပ်ဖွဲ့က  ဖမ်းဆီး အရေးယူထားပါတယ်။

မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရွှေစံအိမ်တည်းခိုခန်းပိုင်ရင်ရဲ့ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ  ပြည်ဝင်ခွင့်ဗီဇာမရှိကြောင်း စစ်ဆေးတွေရှိရတဲ့အတွက်  လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့တာလို့  မြ၀တီရဲစခန်း စခန်းမှူး  အောင်နိုင်ရွှေက ဒီဗွီဘီကိုပြောပါတယ်။

“အီရတ်နိုင်ငံသားက တရားမ၀င် ၀င်ရောက်လာတဲ့အတွက်  ရွှေစံအိမ် ဟိုတယ်မှာ လ၀က စိစစ်တွေ့ရှိရတဲ့အတွက် လ၀က ဥပဒေပုဒ်မ ၁၃ (၁) တရားမ၀င်ဝင်ရောက်မှု အရ  အမှုဖွင့်အရေးယူခဲ့တယ်” လို့ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါ အီရတ်နိုင်ငံသား (Amar Qasim Yahy) ဟာ  အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ နေထိုင်ခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံမှာ  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ယူအန်အိတ်ခ်ျစီအာမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိ သူတွေက  ဒီဗွီဘီကို ပြောပါတယ်။

မြ၀တီခရိုင်ရဲ တပ်ဖွဲ့ ဒုရဲမှူးကြီးမိုးညိုက “သူက တရားမ၀င်၊ သူ့မှာ ပတ်စ်ပို့ပါတယ်။ မလေးရှား ယူအန်အိပ်ခ်ျစီအာရုံးမှာ ဒုက္ခသည် ယာယီကတ်ပုံစံလုပ်ထားတာရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကတဆင့် မလေးရှားမှာရှိတဲ့ ယူအန်အိပ်ခ်ျစီအာရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ   မှတ်ပုံတင်သွင်းထားခြင်းသာဖြစ်တယ်၊ တရားဝင်ဒုက္ခသည်တော့ မဟုတ်သေးဘူးလို့ ပြန်ကြားတာသိပါတယ်။ သူ့ရဲ့ထွက်ဆိုချက်တွေကတော့ ခုက အမျိုးမျိုးထွက်ဆိုနေတာပေါ့၊ ထိုင်းကလာတယ် ပြောလိုပြော တရုတ်ကလာတယ်ပြောလိုပြော၊ ဖြစ်နိုင်တာကတော့ သူ့ရဲ့ အသုံးအဆောင်တွေ သူ့ဆီမှာရှိတဲ့ သိမ်းဆည်းရမိတဲ့ ဥစ္စာတွေကို  ကြည့်ခြင်းအားဖြင့်  ထိုင်းနိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတယ်လို့ပဲယူဆပါတယ်’”လို့  ပြောပါတယ်။

လက်ရှိ  မြ၀တီမြို့ ရဲစခန်း အချုပ်ခန်းမှာပဲ အီရတ်နိုင်ငံသားကို ဖမ်းချုပ်ထားပြီး မြို့နယ်  လူဝင်မှုကြီးကြပ်ရေးဌာနဦးစီးမှူးက   တရားလိုပြုလုပ်ကာ မြ၀တီတရားရုံးမှာပဲ  အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013