DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများကို ချက်ခြင်းလွှတ်ရန် အမေရိကန် တောင်းဆို
DVB
·
March 31, 2015
ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများကို ချက်ခြင်းလွှတ်ရန် အမေရိကန် တောင်းဆို
Donate to DVB

ငြိမ်းချမ်းစွာဆန္ဒပြသူတွေပေါ် အကြမ်းဖက်ဖြိုးခွင်းမှု ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးဖို့နဲ့ ဖမ်းဆီးထားသူအားလုံးကို ချွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟာ့ဖ်က မတ်လ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အမျိုးသားပညာရေးဥပဒေကိုပြုပြင်ပြောင်းလဲဖို့ ငြိမ်းချမ်းစွာဆန္ဒတောင်းဆို လှုပ်ရှားသူတွေကို  အစိုးရက ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုတဲ့သတင်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက  စိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့  ရပိုင်ခွင့်အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကျင့်သုံးခဲ့ကြတဲ့ အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့  အမေရိကန်က တောင်းဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြသူတွေ အင်အားသုံးဖမ်းဆီးးခံရမှုနဲ့  မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ သပိတ်မှောက်ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်းခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း အင်အားအလွန်အကျွံ သုံးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပါအ၀င် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေအားလုံးကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဘက်မလိုက်ဘဲ အများယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အလေးအနက် တောင်းဆိုတယ်လို့  အမေရိကန်က ပြောပါတယ်။

သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တာဝန်ယူဖြေရှင်းမှုကသာ  မြန်မာရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အပြန်အလှန်ယုံကြည်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ရောက်ရှိနိုင်ပြီး နက်နက်ရှိုင်းရှိုင်း စိတ်ဝမ်းကွဲပြားမှုတွေကို ရှောင်ရှားနိုင်မယ်လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံသူ ၇၀ နီးပါးကို  နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် ရာဇ၀တ်မှုတွေနဲ့  စွဲချက်တင်ထားပြီး သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013