DVB Logo
Home
မြန်မာသတင်း
ထိုင်းနာမည်ကြီး အဆိုတော် ထုံချိုင်း ရန်ကုန်တွင် ပရိသတ်နှင့် တွေ့ဆုံ
DVB
·
March 30, 2015
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်း ထိပ်သီးအဆိုတော် ဘာ့တ်ထုံချိုင်းဟာ မနေ့ညနေက  ရန်ကုန်မှာ မိတ်ဆုံညစားပွဲကျင်းပပြီး မြန်မာအနုပညာလောကမှ မိတ်ဆွေတွေ၊ ရင်းနှီးတဲ့ ပရိဿသတ်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံက Praew မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံတွေလာရိုက်တာဖြစ်သလို ထိုင်းနဲ့ မြန်မာကြားချစ်ကြည်ရင်းနှီးမှု တည်ဆောက်ဖို့လည်း ဖြစ်တယ်လို့ မတ်လ ၂၉ ရက်  ညက တည်းခိုရာ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုံချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာပြည်ခရီးစဉ်အတွင်း တေးဂီတဖျော်ဖြေဖို့ အစီအစဉ်ရှိမရှိကိုတော့ ပြောမသွားဘူးလို့ ညစာစားပွဲတက်ရောက်သူ သရဖူမဂ္ဂဇင်း အမှုဆောင်အယ်ဒီတာ နန်းအိန့်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ခန့်စည်သူ၊ နေတိုး၊ ကျော်ကျော်ဗို၊  ခိုင်သင်းကြည်၊ ခင်လေးနွယ်စတဲ့ မြန်မာ အနုပညာရှင်တွေ လည်း တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုတော် ထုံချိုင်းဟာ မတ်လ ၂၉ ရက်နေ့  မွန်းလွဲပိုင်းက  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတာဖြစ်ပြီး ရန်ကုန်အပြည်ပြည်လေဆိပ်ကို ရောက်ရှိလာတဲ့ ဘာ့တ်ထုန်ချိုင်းကို မြန်မာပြည်က ပရိသတ် ၁၀၀ ကျော် ဆိုင်းဘုတ် ပိုစတာတွေနဲ့  လာရောက်ကြိုဆိုခဲ့ကြပါတယ်။

သူဟာ မြန်မာပြည်ကို ပထမဆုံးအကြိမ် သွားရောက်ဖို့ရှိကြောင်း သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်မှာ လွန်ခဲ့တဲ့ လတွေကတည်းက ကြေညာထားပေမယ့် အခုမှ ရောက်ရှိလာတာပါ။

ထိုင်းနိုင်ငံက ထိပ်သီးအနုပညာရှင် ထုံချိုင်းဟာ  လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက အနုပညာလောကထဲ  စတင်ဝင်ရောက်လာခဲ့ပြီး တေးရေး၊ တေးဆိုခြင်း အပြင် ပြဇာတ်မင်းသား၊ ရုပ်ရှင်သရုပ်ဆောင်၊ အစီအစဉ် ကြေညာသူအဖြစ်ပါလုပ်ကိုင် ဆောင်ရွက်နေသူဖြစ်ပါတယ်။

ထိုင်းဘုရင့်သမီးတော်နဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီတွေက  နှစ်အလိုက် ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံး အဆိုရှင်ဆု၊ အကောင်းဆုံး အစီအစဉ်ကြေညာသူ၊ အတော်ဆုံး သရုပ်ဆောင်၊ အကောင်းဆုံး အနုပညာရှင်ဆုတွေ  အများအပြားရရှိထားသူလည်း  ဖြစ်ပါတယ်။

သူရဲ့နာမည်ကျော်သီချင်းသံစဉ်တွေကိုယူပြီး   မြန်မာ အဆိုတော်တွေကလည်း ကော်ပီ ပြန်လည်သီဆိုအောင်မြင်ကြတာတွေရှိပါတယ်။

ဘာ့ထ်ထုံချိုင်းဟာ လက်ရှိ အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ဖခင်မှာ စကော့တလန်နဲ့ မွန် ကပြား၊ မိခင်မှာ ထိုင်းလူမျိုးဖြစ်ကာ ဘန်ကောက်ထွန်းပူရီးခရိုင်ဇာတိဖြစ်တယ်လို့ ၀ိကီပီးဒီးယားမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - နန်းအိန့်ခမ်း

[gallery ids="87836,87835,87834"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013