DVB Logo
Home
မြန်မာသတင်း
မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
March 30, 2015
Donate to DVB

[caption id="attachment_87828" align="alignright" width="379"]97 ဓာတ်ပုံ - Maesai News[/caption]

မြန်မာနိုင်ငံကနေ ၀င်ရောက်လာတဲ့ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ၇၆ ဦးကို ထိုင်းနိုင်ငံ နခွန်စီ သာမာရတ်ခရိုင်မှာ  တနင်္လာနေ့က  ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မလေးရှားနယ်စပ်ကို သွားမယ့် ဘန်ကောက်-ဆန်ဂီကိုလော့ ရထား ပေါ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ဒီအထဲမှာ ရိုဟင်ဂျာတွေလည်း အများအပြားပါဝင်တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပို့စ်သတင်းမှာ  ရေးပါတယ်။

ဖမ်းဆီးခံရသူတွေမှာ  ခရီးသွားလတ်မှတ်မပါသလို လူကုန်ကူးသူတွေက ဘန်ကောက် ဟွှာလန်ဖုမ်းဘူတာကြီး အပါအ၀င် ဘူတာရုံတခုစီကနေ ရထားပေါ်ကို တင်လိုက်တာလို့ လည်း သတင်းမှာရေးပါတယ်။

မလေးရှားမှာရှိတဲ့ ဆွေမျိုးသူငယ်ချင်းတွေက ခရီးစရိတ်ပေးခဲ့သလို တဦးကို မြန်မာငွေ ကျပ် ၂၈ သိန်းစီ ပေးခဲ့ရတယ်လို့ လည်း ဖမ်းဆီးခံရသူတွေက ပြောတယ်လို့ ဆိုပါတယ်။

နေရပ် ပြန်မပို့ခင်မှာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေကို အာဏာပိုင်တွေက ပြုစုနေတယ်လို့ သတင်းမှာ ရေးပါတယ်။

အလားတူ ချင်းရိုင်းခရိုင် ချင်းစန်မြို့နယ်မှာလည်း မတ်လ ၂၈ရက်နေ့က ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်ရောက်လာတဲ့   မြန်မာအလုပ်သမား ၉၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013