DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပချိန်အတွင်း တိုက်ပွဲများဖြစ်ပေါ်မှု ထိန်းချုပ်ရန် အစိုးရကို တိုက်တွန်း
DVB
·
March 30, 2015
ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပချိန်အတွင်း တိုက်ပွဲများဖြစ်ပေါ်မှု ထိန်းချုပ်ရန် အစိုးရကို တိုက်တွန်း
Donate to DVB

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေတဲ့ အချိန်အတွင်း တိုက်ပွဲတွေဖြစ်နေမှုကို ထိန်းချုပ်ဖို့ တိုင်းရင်းသားတွေဘက်က ဆွေးနွေးပွဲအဖွင့်အမှာစကားကနေ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

၇ ကြိမ်မြောက်ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၇ရက်မြောက် အဖြစ်ပြန်လည် စတင်တဲ့ မတ်လ ၃၀ ရက်နေ့မှာ NCCT အဖွဲ့ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း(NCA)မှာဆွေးနွေးဘို့ကျန်ရှိတဲ့ အခန်း ၆ကြားကာလအခြေအနေနဲ့ အခန်း (၇) အထွေထွေတို့အပြင် သဘောတူညီမှုရဘို့လိုသေးတဲ့ စကားလုံးတချို့ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ရဲ့ထုတ်ပြန်ချက်ဟာ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆင်ပြေချောမွေ့စေဘို့အတွက် ဖြစ်တယ်လို့ UNFC အဖွဲ့ဝင်တဦးကပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ထုတ်ပြန်ချက်မှာတော့ မြေပြင်ကရော ဝေဟင်ကပါ တိုက်ပွဲတွေပြင်းထန်နေမှုကြောင့် လက်ရှိငြိမ်းချမ်း ရေးဆွေးနွေးပွဲကိုမထိခိုက်ဘို့အတွက် တိုက်ပွဲတွေအမြန်ရပ်တန့်ဘို့လဲ တိုက်တွန်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013