DVB Logo
Home
နိုင်ငံတကာ
Truth Social ပို့စ်များကို အခကြေးငွေဖြင့် ကြိုဖတ်ခွင့်ပေးသည့် ဝန်ဆောင်မှုအတွက် ထရမ့်ပ် တရားစွဲခံရ
DVB
·
August 13, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ Truth Social မီဒီယာပလက်ဖောင်းပေါ်မှာ စျေးကွက်တွေကို လှုပ်ခတ်သွားစေနိုင်တဲ့ စာမူတွေ အပါအဝင် ပို့စ်တွေကို အခကြေးငွေနဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ ဝန်ဆောင်မှုစနစ်အသစ်ကို လုံးဝပိတ်သိမ်းပေးဖို့ မီဒီယာအဖွဲ့အစည်း ၂ ခုက သမ္မတ ထရမ့်ပ်ကို ဩဂုတ် ၁၂ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

Intercept သတင်းမီဒီယာနဲ့ သတင်းလွတ်လပ်ခွင့် ဖောင်ဒေးရှင်းတို့က မန်ဟက်တန် ဖက်ဒရယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

ဒါဟာ ထရမ့်ပ်အပါအဝင် လူသိထင်ရှားအကောင့် ၁၀ ခုရဲ့ စာမူတွေကို အချိန်မတိုင်မီ ကြိုတင် ဖတ်ရှုနိုင်ဖို့ တလကို ဒေါ်လာ ၁ သိန်းအထိ ကောက်ခံတဲ့ ထရမ့်ပ် မီဒီယာနဲ့ နည်းပညာအုပ်စုရဲ့ Truth API ဝန်ဆောင်မှုကို စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

မက်ဆာချူးဆက်ပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် အယ်လီဇဘက် ဝေါ်ရန်နဲ့ အာဒမ်ရှစ်ဖ်တို့က ဒီစနစ်ဟာ Wall Street ရင်းနှီးမြှုပ်နှံသူတွေ၊ သူဌေးတွေနဲ့ ထရမ့်ပ် တို့ကို ပိုချမ်းသာကြွယ်ဝစေပြီး ဘဏ္ဍာရေးစျေးကွက် ရိုးသားမှုကို ပျက်စီးစေသလားဆိုတာ စုံစမ်းစစ်ဆေးဖို့ အမေရိကန် စတော့ခ်ရှယ်ယာကော်မရှင် (SEC) ကို တောင်းဆိုပြီး ၄ ရက်အကြာ ဩဂုတ် ၁ ရက်မှာ ဒီ Truth API ဝန်ဆောင်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။  

အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ တခြား အိမ်ဖြူတော် အရာရှိတွေကလည်း တရားပြိုင်တွေဖြစ်ကြပေမဲ့ Trump Media ကုမ္ပဏီကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။

ဗုဒ္ဓဟူးနေ့ တရားစွဲဆိုမှုဟာ ဒီလို အခကြေးငွေယူတဲ့ ဝန်ဆောင်မှု ရှိနေသရွေ့ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို အိမ်ဖြူတော်အနေနဲ့ Truth Social တခုတည်းမှာပဲ သီးသန့် တင်ပြနေတာကို တားဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013