DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲရန်ကုန်တွင် ပြန်စ
DVB
·
March 30, 2015
တပြည်လုံး အပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲရန်ကုန်တွင် ပြန်စ
1 / 4
Donate to DVB

သီတင်းတပတ်ကြာရပ်ထားတဲ့ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ၇ ကြိမ်မြောက် တနိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲကို  ရန်ကုန်မြို့ မှာရှိတဲ့  မြန်မာငြိမ်းချမ်းရေး စင်တာမှာ  ယနေ့မနက် ပြန်လည်စတင်ကျင်းပနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တပြည်လုံး အပစ်ခတ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို  မတ် ၁၇ ရက်နေ့ ကတည်းကစတင်ကာ ရန်ကုန်မှာ ၆ ရက်ဆက်တိုက် ဆွေးနွေးခဲ့ပြီးနောက် ၁ ပတ်ကြာ ရပ်နားထားခဲ့တာပါ။

ဒီကနေ့  ဆွေးနွေးပွဲ  ၇ ရက်မြောက်နေ့ အဖြစ်ပြန်လည်ကျင်းပရာမှာ  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်းထဲမှာပါတဲ့  နှစ်ဖက် ဆွေးနွေးသဘောတူဖို့ ကျန်ရှိနေတဲ့ အချက်တွေကို   ကောင်းမွန်တဲ့ ဆန္ဒနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ညှိနှိုင်းဖို့   နှစ်ဖက် ခေါင်းဆောင်တွေက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသူတွေအားလုံးကို ဂုဏ်ပြုတဲ့ အကြောင်း ဆွေးနွေးပွဲကို သ၀ဏ်လွှာပေးပို့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းဆွေးနွေးပွဲတွေမှာတော့ တော်လှန်ရေး စကားလုံးကို  နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့သလို အရေးကြီးတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတချို့ကိုလည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ  မြေပြင်ကရော၊ ဝေဟင်ကပါ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက်  ဆွေးနွေးပွဲ အချည်းနှီး ဖြစ်စေနိုင်တယ်လို့   ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက သတိပေးကြေညာခဲ့ပါတယ်။

အန်စီစီတီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ငြိမ်းချမ်းရေးနွေးပွဲ လုံခြုံချောမွေ့ပြီး အဆင်ပြေစွာ ပြီးဆုံးနိုင်ဖို့ ခုလို  ထုတ်ပြန်တာ ဖြစ်တယ်လို့   ဒီဗွီဘီကိုပြောပါတယ်။

[gallery ids="87740,87741,87742,87743"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013