
သံယာတော်တွေကို မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတောင်းတောင် ၂၈ လပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြသူတွေဟာ သိမ်ကြီးဈေးရှေ့ကနေစပြီး မြို့တော်ခန်းမရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒခဲ့ကြတာဖြစ်ပြီး ပန်းဘဲတန်းရဲစခန်း တာဝန်ရှိသူတွေက လာရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ၀မ်ပေါင်ကုမ္ပဏီ ငါတို့နိုင်ငံက ထွက်သွား၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စတဲ့ပိုစတာတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မုံရွာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေ သမှာ ကြေးနီစီမံကိန်းကို သပိတ်စခန်းဖွင့် ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ ရဟန်းသံဃာတွေကို အာဏာပိုင်က မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
[gallery ids="87695,87696,87697,87698,87699"]











