DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေ ရှားပါး (ရုပ်သံ)
DVB
·
March 29, 2015
မြန်အောင်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေ ရှားပါး (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်း မြန်အောင် မြို့ပေါ်ရပ်ကွက်တချို့မှာ ရေတွင်းရေကန်တွေဟာ အရင်နှစ်တွေကထက် တလလောက် စောပြီး ရေခန်းတာကြောင့် သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေနေကြရပါတယ်။

မြန်အောင်မြို့နယ် အမှတ် ၄ ရပ်ကွက်နေ ဒေသခံတဦးက “ရေကဝယ်မရတာ။ ကျမတို့က ဝယ်သုံးရတာလေ။ ရေကပုံမှန်မရတော့ ဒီလိုပေါ့။ တခါတလေကျ ရိုးချောင်းထဲတောင် သွားချိုးရတယ်။ တူးပေးစေချင်တာပေါ့၊ ဘုံဘိုင်းတွင်းတွေ ဘာတွေ လိုချင်တာပေါ့။” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ် အမှတ် ၄ ရပ်ကွက်နေ ဒေသခံ တခြားတဦးကလည်း “တနွေလုံးရေက ခန်းနေတာ။ တုန်ကင်တွေလည်းရှိတယ်။ တုန်ကင်တွေလည်းရေမရတော့ ရေစည်သွားတွန်းရတယ်။ ရေစည်ကလည်း ပိုက်ဆံပေးပေမယ့် ကိုယ်တွန်းချင်တဲ့ အချိန်နဲ့တွန်းလို့မရတော့ ရေအခက်အခဲဖြစ်နေတယ်။ စိတ်ညစ်တာပေါ့၊ တနေရာကို ပြောင်းချင်စိတ်တွေ ရှိနေတာ။ ဒါပေမယ့် မပြောင်းနိုင်တော့လည်း ဒီနေရာလေးမှာပဲ နေရတာ” လို့ ပြောပါတယ်။

မြို့ပေါ်က အမှတ် ၄ ရပ်ကွက် ရန်နိုင်အေးနဲ့ အမှတ် ၆ ရပ်ကွက် စိန်ပန်းရပ်တွေက နေရာတချို့မှာ ရေရှားမှုနဲ့ ကြုံတွေနေရတာဖြစ်ပြီး ရေဝယ်သုံးနေတဲ့ တွင်းတွေတောင် ရေခန်းသွားလို့ ရေအခက်အခဲနဲ့ကြုံတွေနေရတာဖြစ်ပါတယ်။

အခုလိုရေရှားပါးမှုကို မြို့နယ် ဒေသပိုင်မီးသတ်နဲ့ စေတနာရှင်တချို့ ရေအခက်အခဲဖြစ်နေတဲ့နေရာတွေကို လိုက်လံရေပေးဝေနေပြီး ဒီနေရာတွေမှာ ရေရရှိရေးအတွက် အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ဦးဆောင်ပေးသင့်တယ်လို့ မြန်အောင်မြို့ မီးသတ်ဝန်ထမ်း ဦးအောင်မိုးက ပြောပါတယ်။

ကျနော်တို့ ဒီရပ်ကွက်မှာ ရေအခက်အခဲဖြစ်နေပါတယ်။ နွေရာသီ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ရေမရရှိဘူး။ အကုန်လုံးက တော်တော်ဝေးတဲ့နေရာကိုသွားယူနေရတယ်။ အခက်အခဲရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလာပြောတယ်။ ဒါကြောင့် ကျနော်တို့က လာပြီးတော့ ဝေငှရတာဖြစ်ပါတယ်။ ဘာလုပ်ပေးသင့်လဲဆိုတော့ ဒီနေရာမျိုးမှာ ရေရရှိအောင် အစိုးရနဲ့ ပြည်သူနဲ့ ပေါင်းပေါင်း၊ စည်ပင်နဲ့ပဲ ပေါင်းပေါင်း ရေရရှိအောင် မြေအောက်ရေ ဖော်ထုတ်ပေးသင့်တယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင်တော့ ဒီနေရာတွေက နှစ်တိုင်း ရေအခက်အခဲက ဒီလိုပဲသွားနေရမှာ။”

aရအခက်အခဲဖြစ်နေတဲ့ နေရာတွေက ပြည်သူတွေ အဆင်ပြေစေရေအတွက် နိုင်ငံတော်အစိုးရ သက်ဆိုင်ရာ ဌာနတွေနဲ့ ရေပေးဝေရေး စနစ်ကို တကျ ဆောင်ရွက်မှ ပြည်သူတွေ အနေနဲ့ အဆင်ပြေrယ်လို့ ဒေသခံတွေက ထောက်ပြနေကြပါတယ်။

အမှတ် ၄ ရပ်ကွက်နေ ဦးကြည်သန်းက “ဒီလမ်းမှာ ရေရှားလို့ အိမ်တွေယာတွေ ရောင်းရောင်း ထွက်ပြေးသွားကြတယ်။ ကျနော်တို့ ဘုမသိဘမသိနဲ့ဝယ်လိုက်တယ်။ အဲ့တော့ အဲ့လိုရေရှားတာကို စည်ပင်သာယာအနေနဲ့ကတော့ သူတို့အင်အားနဲ့ လုပ်ပြီးတော့ရင် ပိုက်လုံးနဲ့သွယ်၊ ကျနော်တို့က ရေအခွန်ဆောင်၊ အဲ့လိုအစီစဉ်မျိုးနဲ့ နိုင်ငံတော်အနေနဲ့လုပ်ပေးရင် ကျနော်တို့ အဆင်ပြေသွားမယ်” လို့ ပြောပါတယ်။

အခုလို ရေအခက်အခဲဖြစ်နေတဲ့ နေရာတွေမှာ တပိုင်တနိုင် အဝီစိတွင်းတွေ၊ ရေတွင်းတွေ တူးပေမယ့် ရေလုံးဝမရတဲ့ တွင်းတွေရှိသလို တချို့တွင်းတွေက မိုးရာသီလောက်သာရေရှိပြီး နွေးရာသီဆို ရေခန်းသွားလေ့ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013