DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်သည့် မော်လမြိုင်မြို့က လက်ပတ်ဖြူ လှုပ်ရှားမှု (ရုပ်သံ))
DVB
·
March 29, 2015
အကြမ်းဖက်ဖြိုခွဲမှုအပေါ် ကန့်ကွက်သည့် မော်လမြိုင်မြို့က လက်ပတ်ဖြူ လှုပ်ရှားမှု (ရုပ်သံ))
Donate to DVB

သပိတ်မှောက်ကျောင်းသားတွေကို အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ကန့်ကွက်ပြီး ကျောင်းသားအရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့သူတွေကို အာဏာပိုင်တွေက လိုက်လံစောင့်ကြည့်ဖိ အားပေးတာတွေ ရပ်တန့်ဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လက်ပတ်ဖြူ လှုပ်ရှားမှုပြု လုပ်ခဲ့ပါတယ်။

We Are Student Respect Our Right “ကျွန်ုပ်တို့ဟာ ကျောင်းသားတွေ၊ ကျွန်ုပ်တို့ရဲ့ အခွင့်အရေးကို လေးစားပါ” ဆိုတဲ့ စာတမ်းပါ လက်ပတ်ဖြူတွေကို မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မှာ ပြည်သူ တွေကို မတ် ၂၈ ရက်နေ့က လိုက်လံပတ်ပေးနေကြတာပါ။

အာဏာပိုင်တွေရဲ့ လိုက်လံစောင့်ကြည့်ခံနေရတဲ့ မွန်ပြည်နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မင်းဟံတလမွန်က “မနက်မိုးလင်းပြီဆိုတာနဲ့ ကျနော့်ဆီ ရောက်နေပြီ။ ဖုန်းတွေတဂွမ်ဂွမ်ဆက်မယ်၊ ကျနော်ဘယ်သွားသွား ကျနော့်နောက်ကို လိုက်မယ်။ အိမ်တွေမှာ လိုက်ပြီးတော့ ဖိအားပေးမယ်။ ကျနော်နဲ့ စကားပြောတဲ့ သူငယ်ချင်း၊ ကျနော်နဲ့ ပေါင်းသင်းတဲ့ မည်သူမဆို သူတို့က အိမ်တိုင်ရာရောက်သွားပြီးတော့ ဖိနှိပ်ခြိမ်းခြောက်မှုတွေရှိတယ်” လို့ ပြောပါတယ်။

ကျောင်းသားလူငယ်တွေ၊ နိုင်ငံအရေးစိတ်ဝင်စားတဲ့ ကျောင်းသားအရေးလှုပ်ရှားသူ ၂၀ နီးပါက မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မှာ လက်ပတ်ဖြူတွေ လိုက်လံပတ်ပေးပြီးတော့၊ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ကျောင်းသား တွေအတွက် ငြိမ်းချမ်းရေးသီချင်းတွေကို ဂုဏ်ပြုသီဆိုခဲ့ပါတယ်။

တဆက်တည်းမှာ မွန်ပြည်နယ်အတွင်းက ကျောင်းသားအရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့သူတွေကို အာဏာပိုင်တွေက လိုက်လံဖိအားပေးနေတဲ့အကြောင်းကိုလည်း ဟောပြောခဲ့ပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013