DVB Logo
Home
ရွေးကောက်ပွဲ
တိုင်းရင်းသားကိုယ်စားပြုပါတီတွေ ဘာကြောင့် များနေတာလဲ၊ သူတို့အမြင် သူတို့စကား
DVB
·
March 28, 2015
တိုင်းရင်းသားကိုယ်စားပြုပါတီတွေ ဘာကြောင့် များနေတာလဲ၊ သူတို့အမြင် သူတို့စကား
Donate to DVB

တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသအသီးသီးမှာ သက်ဆိုင်ရာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေ ဖွဲ့စည်းတည်ထောင်ထားကြပါတယ်။ ဒါပေမယ့် တိုင်ရင်းသားလူမျိုး တခုကို ကိုယ်စားပြုတဲ့ပါတီတွေကတော့ တခုထက်မက ရှိနေပါတယ်။ ဒီလို ဖြစ်နေတာဟာ ဘာကြောင့်လဲ၊ တိုင်ရင်းသားလူမျိုးတခုကို ကိုယ်စားပြုတဲ့ပါတီအချင်းချင်း ဘာလို့ ပူးပေါင်း မဆောင်ရွက်ကြတာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီအချို့ရဲ့ အမြင် သဘောထားတွေကို ဒီတပတ် ရွေးကောက်ပွဲအပေါ် သူတို့ အမြင်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

မန်းကျော်ငြိမ်း (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားပါတီ)

“ကရင်လူမျိုးတွေက ပြည်နယ် ၅ ခုလောက်မှာ ရှိနေတယ်။ စည်းရုံးရေးဆင်းတဲ့အခါမှာ လက်လှမ်း မမီနိုင်တဲ့အတွက် သူ့ဒေသကို အခြေပြုတဲ့ ပါတီတွေ အများကြီး ပေါ်ထွက်လာတယ်။ ဥပမာ ဖလုံစဝေါ်ပါတီတွေဆိုရင် သူ့ပြည်နယ်ပြင်ပကို စည်းရုံးရေး မရောက်နိုင်ဘူး။ ကျနော်တို့ကျတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဘက်မှာ ပျံ့နှံ့နေတာတွေကို စည်းရုံးရေး ဆင်းထားတယ်ပေါ့။ ကျနော်တို့ရည်မှန်းချက်ကတော့  အားလုံးတနေ့ကျရင် ပါတီတခုတည်း၊ တစုတစည်းထဲ ဖြစ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ အခု လက်ရှိအချိန်ကတော့ လက်လှမ်းမမီတာလည်း ပါတယ်။”

ဦးအောင်ဇော်မြင့် (အတွင်းရေးမှူး၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ)

“နိုင်ငံရေးလုပ်ပိုင်ခွင့်တွေက ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ ပိုရလာတယ်။ နိုင်ငံသားတယောက်က နိုင်ငံရေးကို လုပ်မယ်ကိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ လုပ်ကိုင်လာကြတယ်လို့ မြင်တယ်။

ခွန်စိုးမြင့် (အတွင်းရေးမှူး၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)

“ယေဘုယျအားဖြင့်တော့ တချို့တွေက ပုဂ္ဂိုလ်ရေးအရ၊ လူမျိုးစုအခြေအနေအရ၊ နယ်မြေ ဒေသ အခြေအနေအရ၊ ၀ါဒရေးရာအရ အလိုမျိုးတွေ ရှိနေတယ်။ အကြောင်းမညီညွတ်သေးလို့ပဲ သူတို့တွေ ကွဲပြားနေတယ်လို့ပဲ ကျနော်တို့ မြင်တယ်။”

ဒေါ်နူးနူးအောင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ရက်)

“လူတိုင်း မင်းသားလုပ်ချင်တာပေါ့နော်။ သူမင်းသား ဖြစ်မလား၊ ကိုယ်မင်းသား ဖြစ်မလားဆိုတာ ကိုယ်ရဲ့ character ပေါ်မှာပဲ မူတည်တယ်လေ။ မင်းသားဖြစ်ချင်တဲ့လူက ဘက်စုံတော်မှ မင်းသား ဖြစ်မှာပေါ့။ အကယ်ဒမီရမှာပေါ့။ အဲလိုမျိုးဆိုတော့ သူတို့လည်း အဘက်ဘက်ကနေ ကြိုးစားပြီးတော့ ပါတီတွေက အများကြီးပေါ်လာတာလေ။ ကျမတို့ ပြည်နယ်မှာလည်း ပါတီတွေက အများကြီး ရှိတယ်။ အခု ရွေးကောက်ပွဲဝင်ဖို့တောင် ၆ ပါတီလောက်ရှိမယ် ထင်တယ်။”

ဦးနန်းရီ (အထွေထွေအတွင်းရေးမှူး၊ ကယန်းအမျိုးသားပါတီ)

“တိုင်းရင်းသားရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်က ကျနော်တို့ ခေတ်အဆက်ဆက် ပါတီတွေက မလုပ်ပေးတော့ ကျနော်တို့ ရရှိဖို့က ကိုယ့်ဟာကိုယ် ထလုပ်မှပဲ ရမယ်ဆိုပြီး ကိုယ့်ပါတီ ကိုယ်ထောင်လာတဲ့သဘောမျိုးလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013