DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများကို ပြန်လွှတ်ပေးရန် ဆန္ဒပြသည့် ကဗျာဆရာ ဖမ်းဆီးခံရ
DVB
·
March 28, 2015
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ ပါဖောင့်မန့်တခု ဒီနေ့မနက် ၁၀ နာရီခွဲက ရန်ကုန်လှည်းတန်းမှာ ပြုလုပ်ခဲ့တဲ့ ပါဖောင့်မန့်ခေါင်းဆောင် ကဗျာဆရာထက်အောင်လင်းကို ကမာရွတ်ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

မတ် ၂၇ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ထပ်မံဖမ်းဆီးခဲ့ရပါတယ်။

ရန်ကုန်မှာက  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ၃ ဦးနဲ့ မြင်းခြံမှာက ကျောင်းသား   ၂ ဦးနဲ့  ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ရပါတယ်။

ဓာတ်ပုံ - အိမမမွန်

[gallery ids="87524,87525,87526"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013