DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးနေ့ လှုပ်ရှားမှုအပြီး ဗကသကျောင်းသားများ ထပ်မံဖမ်းဆီးခံရ
DVB
·
March 27, 2015
တော်လှန်ရေးနေ့ လှုပ်ရှားမှုအပြီး ဗကသကျောင်းသားများ ထပ်မံဖမ်းဆီးခံရ
1 / 2
Donate to DVB

ဖမ်းဆီးတရားစွဲခံ ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ တော်လှန်ရေးနေ့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ဖမ်းဆီးခဲ့ရပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးခံရသူတွေကတော့  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗကသ (ဗဟို) က ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ ၃ ဦး ထိန်းသိမ်းဖမ်းဆီးခံရတယ်လို့  ကျောင်းသား သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ကိုနန္ဒစစ်အောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌကိုဂျိမ်းစ်က “မြို့ထဲမှာ ဆန္ဒပြပွဲတွေပြီးတဲ့ အခါမှာ သက်ဆိုင်ရာ လုံခြုံတဲ့နေရာတွေ ပြန်သွားတဲ့အခါမှာ လမ်းမှာ လိုက်ဖမ်းတာ။ နောက်ဆုံးသိရသလောက်  သိမ်ဖြူ  မင်္ဂလာတောင်ညွန့် မဆလာစက်မှတ်တိုင်နား အဲဒီနားဝန်းကျင် လမ်းပေါ်မှာပဲ ဖမ်းဆီးခံရတယ်ကြားတယ်၊ အရပ်ဝတ်တွေနဲ့” လို့ ပြောပါတယ်။

[caption id="attachment_87455" align="alignright" width="384"]နန္ဒစစ်အောင် နန္ဒစစ်အောင်[/caption]

အလားတူ မြင်းခြံမှာ လည်း ကျောင်းသား   ၂ ဦးနဲ့  ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ပါတယ်။  မြင်းခြံဒီဂရီကောလိပ် သချာင်္ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်း၊  ကိုစည်သူမြတ်နဲ့  သပိတ်ဝန်းရံသူ  ဦးစိန်းဝင်း၊  မဖြူ (ခ) မခင်သန္တာအောင်တို့ ၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေ ရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့  ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့မှာ  ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013