DVB Logo
Home
မြန်မာသတင်း
တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်မည်ဟု အဖွဲ့ချုပ်ကြေညာ
DVB
·
March 27, 2015
တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်မည်ဟု အဖွဲ့ချုပ်ကြေညာ
1 / 2
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအ၀င် ရည်မှန်းချက်များအောင်မြင်အောင် တပ်မတော် အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ  ဒီကနေ့ ကျင်းပတဲ့   နှစ် ၇၀ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကြေညာချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အပါအ၀င် နိုင်ငံရေးပါတီများ တိုင်းရင်းသားမျိုးနွယ်စုများ၊  ပြည်သူလူထုအများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော ပြည်သူ့တပ်မတာ် အစဉ်အလာကို ဆက်ခံလျက် မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော် အင်အားစုများး ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားမည်” လို့ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ် အဖွဲ့ချုပ် နာယကလည်းဖြစ်တဲ့ သူရ ဦးတင်ဦးကတော့ ဖက်ဆစ် အမူအကျင့်တွေ ရှောင်ရှားဖို့ သဘာပတိမိန့်ခွန်းမှာ သတိပေးပြောကြားသွားပါတယ်။

MAH001983“အနာဂတ်မြန်မာနိုင်ငံတွင် ဖက်ဆစ်လိုဝါဒမျိုး လုံးဝခေါင်းထောင်စေမည့် အပြောအဆို အပြုအမူအနေအကျင့်များကို လုံးဝရှောင်ရှားပြီး တည်ငြိမ်အေးချမ်းစေမည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ်သို့  ရောက်ရှိ ဆောင်ရွက်ဖို့ အလေးအနက်  အထပ်ထပ်တိုက်တွန်း တယ်” လို့ ပြောကြားသွားပါတယ်။

အခမ်းအနားမှာ ဖက်ဆစ်တော်လှန်ရေးအတွင်း ပါဝင်ခဲ့ကြသူတွေက အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြသလို ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ် ပြဇာတ်နဲ့လည်း ဖျော်ဖြေသွားခဲ့ပါတယ်။

အတိုက်အခံပါတီက ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းတောင် တချို့နဲ့ သံတမန်တွေ အပါဝင် ရာနဲ့ချီတဲ့ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျန်းမာရေးအခြေအနေကြောင့် ပါတီက ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မတက်ရောက်နိုင်သလို  နေပြည်တော်မှာ  အစိုးရက ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကိုလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဖွဲ့ချုပ်က ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲ ကျင်းပဖို့ ရန်ကုန်တိုင်း အစိုးရက  ပြောင်းခိုင်းခဲ့ပေမယ့်  မပြောင်းလဲပဲကျင်းပခဲ့ တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013