DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ကျောင်းသားဆန္ဒပြပွဲ ရဲအင်အား အလုံးအရင်းဖြင့် တားဆီး (ရုပ်သံ)
DVB
·
March 27, 2015
မန္တလေးမြို့ ကျောင်းသားဆန္ဒပြပွဲ ရဲအင်အား အလုံးအရင်းဖြင့် တားဆီး (ရုပ်သံ)
Donate to DVB

သာယာဝတီထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေလွတ်မြောက်ရေးအတွက် ဒီနေ့ တော်လှန်ရေးနေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က မန္တလေးမြို့မှာ ကျောင်းသားအချို့နဲ ဝန်းရံသူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အိမ်တော်ရာဘုရားကနေ စတင်ထွက်ခွာဖို့ ပြုလုပ်ခဲ့ပေမယ့် မပြုလုပ်ခဲ့ပဲ ၃၅ လမ်း ၇၃ လမ်းထောင့်မှာ မနက် ၁၀ နာရီ ၁၀ မိနစ်မှ လူစုပြီး စတင်ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ အစောပိုင်းက အိမ်တော်ရာဘုရားကနေ စထွက်မယ်လို့ ကြေညာထားပေမယ့် လုံခြုံရေးအင်းအား အများအပြား တိုးမြှင့်ချထားမှုကြောင့် ၃၅-၇၃ လမ်းကနေ ကျောင်းသား ၃၀ လောက်က မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ခဲ့တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“၇၈ လမ်းနဲ့ မင်းရဲကျော်စွာလမ်းအရောက်မှာ အာဏာပိုင် စခန်းမှူးတယေက်က လာတားပါတယ်။ ကျောင်းသားတွေက ဆိုင်ကယ်နဲ့ဆိုတော့ မောင်းထွက်လာတယ်။ ထွက်တော့ သက္ကသိုလ်မိန်းရှေ့အရောက်မှာ မြို့နယ်ခရိုင်ကထွက်တားတယ်။ ဒါပေမယ့် သူတို့ ဆိုင်ကယ်နဲ့ မောင်းပြီးထွက်လာတယ်။ အခုကျနော်တို့ သိပ္ပံလမ်း ကညန ရုံးရှေ့ကို ရောက်နေပါပြီ။ ဗကသ အလံတလံထပ်တိုးပါတယ်။ ဗကသအလံ ၃ လံနဲ့ ဖက်ဆစ်တော်လှန်ရေးအလံရယ် ၄ လံဖြစ်သွားတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားတဲ့ကျောင်းသားတွေအမြန်ဆုံး လွတ်မြောက်ရေး၊ အာဏာရှင်အစိုးရကျဆုံးဖို့၊ အဲဒါတွေကို ကြွေးကြော်သံအော်ပါတယ်။ ပြီးတော့ စာရွက်တွေလည်း ကျဲပါတယ်ခင်ဗျာ။”

၃၅ လမ်း ၇၃ လမ်းကနေ ၃၇လမ်း ထိ၊ ၃၇ လမ်းကနေ ၇၈ လမ်းထိ၊ ၇၈ လမ်းက သိပ္ပံလမ်း၊ သိပ္ပံလမ်းကနေ ၆၂ လမ်း၊ ၆၂ လမ်းကနေ အောင်ပင်လယ် အဆင့်မြင့်ရဲစခန်းနားအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ၇၈ လမ်းနဲ့ ၄၂ လမ်းထောင့်မှာ အာဏာပိုင်အချို့ လာရောက်တားစီးခဲ့ပေမယ့် ဆက်လက်ထွက်ခွာလာခဲ့ကြပြီး သိပ္ပံလမ်းနဲ့ ၆၅ လမ်းထောင့်နားမှာ ရဲအင်အားအချို့ရဲ့ တားဆီးမှုကြောင့် ဆိုင်ကယ်တွေလဲကုန်ပြီး နှစ်ဖက် အနည်းငယ်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ကျောင်းသားများနဲ့ ဝန်းရံသူတွေဟာ ဆက်လက်ထွက်ခွာလာခဲ့ကြပေမယ့် အောင်ပင်လယ် ရဲစခန်းနားမှာ ရဲအင်အား အလုံးရင်းနဲ့ လမ်းပိတ်ဆို့တားစီးမှုကြောင့် ဆန္ဒပြသူများနဲ့ ဝန်းရံသူများ လမ်းခွဲခဲ့ကြပြီး နေ့လည် ၁၁ နာရီခွဲမှာ ဆန္ဒပြမှုပြီးဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013