DVB Logo
Home
မြန်မာသတင်း
လက်နက်ဖြင့် ခြိမ်းခြောက်မဲထည့်ခိုင်းမှု အဖြစ်မခံဟု တပ်မတော်ခေါင်းဆောင်ကတိပေး
DVB
·
March 27, 2015
လက်နက်ဖြင့် ခြိမ်းခြောက်မဲထည့်ခိုင်းမှု အဖြစ်မခံဟု တပ်မတော်ခေါင်းဆောင်ကတိပေး
Donate to DVB

ခုနှစ်ကုန်ပိုင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လက်နက်နဲ့  ခြိမ်းခြောက်မဲ ထည့်ခိုင်းမှုတွေ လုံးဝအဖြစ်ခံမှာ မဟုတ်ဘူးလို့  ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး  ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ နေပြည်တော်မှာ  ကျင်းပတဲ့  နှစ် ၇၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားလိုက်တာပါ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အလွန်အရေးကြီးသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး လက်နက်နဲ့ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ လုံးဝအဖြစ်ခံနိုင်မှာ မဟုတ်ဘူးလို့  ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်ဖိအားပေးမှု မရှိသလို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ လုပ်ဆောင်ရမယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီအခမ်းအနားမှာ တပ်မတော် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်တွေက တင့်ကား၊ လေယာဉ်နဲ့ ဒုံးလက်နက်တွေ အပါအ၀င် ခေတ်မီလက်နက်တွေနဲ့ စစ်အင်အားပြခဲ့ပါတယ်။

အခမ်းအနားကို စစ်မှုထမ်းဟောင်းတွေနဲ့ သံတမန်တွေအပါအ၀င် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပေမယ့် အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကတော့  ကျန်းမာရေအခြေအနေကြောင့် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013