DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
DVB
·
March 26, 2015
ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
Donate to DVB

ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်မပါဝင်တဲ့  အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို  အမျိုးသားလွှတ်တော်က  ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ဥပဒေမူကြမ်းကို တပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး နောက်ဆုံး ဥပဒေကြမ်းတခုလုံးကို မဲခွဲအတည်ပြုတဲ့အခါမှာတော့ ကန့်ကွက်သူ ၉ ယောက်လောက်ပဲရှိပြီး ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တွေမအောင်မြင်ဘဲ အရင် ဥပဒေအတိုင်း အတည်ပြုခဲ့တာလို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ကျောင်းသားတွေ တောင်းဆိုထားတာက ကျောင်းသား သမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုရမယ်လို့ ပါတယ်ပေါ့နော်။ ဒါပေမယ့် အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာတော့ ပဋိညာဉ်နဲ့အညီလို့ ပါပါတယ်။ အဲ့ဒီတော့ ပဋိညာဉ်ဆိုတာ မရှိသေးတဲ့အတွက် ပြောရမယ်ဆိုရင် မူလဥပဒေက မာမူကြီးဆိုရင် နောက်ပြင်တဲ့ဥပဒေက အရာကြီးလို့ ပြောရမှာပါ။ အဓိက ကျောင်းသားတွေတောင်းတဲ့ လွတ်လပ်စွာ  သမဂ္ဂဖွဲ့စည်းခွင့် မရပါဘူး။”

နောက် သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တခုဖြစ်တဲ့ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးရမယ်ဆိုတာလည်း မရဘူး လို့ ပြောပါတယ်။

ပညာရေးအသုံးစရိတ်ကို ၅ နှစ်အတွင်း တိုးမြှင့်သုံးစွဲမယ်ဆိုတဲ့အချက်နဲ့ပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက် တ၀က်လောက်ရတယ်လို့ သုံးသပ် ပြောပါတယ်။

national parliment“အဓိကအချက်ဖြစ်တဲ့ ပညာရေးကော်မရှင်ကို မလိုချင်ဘူးလေ၊ ဒါပေမယ့် ပညာရေးမူဝါဒ ဆိုတာလေးနဲ့ အသွင်ပြောင်းလိုက်တာပေါ့ဗျာ၊ ဘာသာရေးဆိုင်ရာ ကျောင်းတွေမှာ သင်ကြားရေးဆိုတာတွေ ပယ်ဖျက်ခံရတာပေါ့ဗျာ၊နောက် ပညာရေးအသုံးစရိတ်က ကျောင်းသားနဲ့ ပြည်သူတွေ မျှော်မှန်းသလို မဖြစ်လာခဲ့ဘူးပေါ့၊ ၄-၅-ချက် အပယ်ခံရတဲ့ သဘောလို့ ပြောရမှာပေါ့၊ဆိုတော့ ခြုံကြည့်ရင် တ၀က် တ၀က်ပေါ့ဗျာ၊၅၀-၅၀ ဖြစ်သွားတာပေါ့”

အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို  ပြည်သူ့လွှတ်တော်ထံပေးပို့ပြီး ပြည်သူ့လွှတ်တော်မှာ ဆက်ဆွေးနွေကြဦးမှာ  ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ပေးဖို့ သပိတ်မှောက်တောင်းဆိုခဲ့တဲ့ ကျောင်းသား တွေကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ပုဒ်မ ၅ခုနဲ့ တရားစွဲဆိုခံထားရ သလို တရားခံပြေးအဖြစ် ကြေညာခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013