DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁၀၀ ကျော်ကို မလေးရှားကနေ စစ်သင်္ဘောဖြင့် ပြန်ခေါ်
DVB
·
March 26, 2015
မြန်မာအလုပ်သမား ၁၀၀ ကျော်ကို မလေးရှားကနေ စစ်သင်္ဘောဖြင့် ပြန်ခေါ်
1 / 5
Donate to DVB

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၁၀၂  ဦးကို  တပ်မတော်ရေတပ် စစ်သင်္ဘော မဟာသီဟသူရနဲ့ မြန်မာနိုင်ငံကို မတ် ၂၅ ရက်နေ့က ပြန်လည်ခေါ်ဆောင်လာတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မလေးရှားနိုင်ငံမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ ကျင်းပနေတဲ့ လန်က၀ီ နိုင်ငံတကာ ရေကြောင်းနဲ့ လေကြောင်းပြပွဲမှာ ပူးပေါင်းပါဝင်နေတဲ့  မြန်မာ့တပ်မတော် (ရေ) တပ်က မဟာသီဟသူရ (အက်ဖ် - ၂၃) သင်္ဘောနဲ့  အလုပ်သမားတွေကို တင်ဆောင်လာပြီး   မတ်လ ၂၉  ရက်နေ့ မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

[caption id="attachment_87158" align="aligncenter" width="593"]306675_316819901707320_210114122377899_771281_292715402_n ဓာတ်ပုံ - mmmilitary.blogspot.com[/caption]

ပြန်လာမယ့်သူတွေဟာ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းတွေက သွားခဲ့သူတွေဖြစ်ပါတယ်။  မလေးရှားအစိုးရရဲ့  စီမံချက်နဲ့ ဖမ်းဆီးခံရပြီး ထိန်းသိမ်းရေးစခန်း တွေမှာ ထိန်းသိမ်းခံနေရသူတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ သက်သေခံလက်မှတ် ထုတ်ယူရရှိထားပြီး လေယာဉ်စရိတ် မကျခံနိုင်တာကြောင့်  နေရပ်ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတာလို့ သတင်းမှာဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေကို အစိုးရက စစ်သင်္ဘောနဲ့  ပြန်ခေါ်ယူတာဟာ ခုတကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ သီတဂူ ဆရာတော်က လေယာဉ်စင်းလုံးငှားပြီး ကူညီခေါ်ဆောင်ခဲ့ဖူးပါတယ်။

မြန်မာအလုပ်သမားများ (ဓာတ်ပုံ - MOI)

[gallery ids="87192,87193,87194"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013