DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က ဒုက္ခသည်များ နေအိမ်ဆောက်ရန် သမ္မတ ရန်ပုံငွေချပေး
DVB
·
March 25, 2015
ရခိုင်ပြည်နယ်က ဒုက္ခသည်များ နေအိမ်ဆောက်ရန် သမ္မတ ရန်ပုံငွေချပေး
Donate to DVB

သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ရခိုင်ပြည်နယ်ထဲရှိ ဒုက္ခသည်အိမ်ထောင်စုတွေ နေရာချထားပေးဖို့ ကျပ်သိန်းပေါင်း ၂ ထောင်ကျော် ချထားပေးလိုက်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“သမ္မတသီးသန့်ရန်ပုံငွေကနေ ဒုက္ခသည်တွေကိုပေးတာ ကျပ်သိန်းပေါင်း ၂ ထောင်ကျော်ပေါ့။ ဒုက္ခသည်တွေကို ပြန်ပြီး အထိုင်ချဖို့ပေါ့၊ အိမ်တွေ ဆောက်ပေးဖို့ ပထမခြေလှမ်းစပြီ၊ ဒုက္ခသည်တွေက စခန်းတွေထဲပဲ ထားသေးတာ။”

ရခိုင်ပြည်နယ်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ၃ နှစ်လောက်အကြာမှာမှ အခုလို ရန်ပုံငွေချပေးကာ အိမ်ပြန်ဆောက်ဖို့ အစီအစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်နေရာချထားတဲ့အခါ မူလ နေရပ်တွေမှာပဲ ပြန်လည်နေရာ ချထားပေးမလား၊ နေရာသစ်တွေမှာ ပြန်လည်နေရာချထားပေးမလား ဆိုတာတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

၂၀၁၂ ခုနှစ်က  ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရသူပေါင်း ၁ သိန်းခွဲလောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013