DVB Logo
Home
မြန်မာသတင်း
လောင်းကစားမှုပေါင်း ၅၀၀ ခန့် မန္တလေးတွင် ဖမ်းဆီးအရေးယူ
DVB
·
March 25, 2015
လောင်းကစားမှုပေါင်း ၅၀၀ ခန့် မန္တလေးတွင် ဖမ်းဆီးအရေးယူ
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ တရားမ၀င်ချဲထီ အပါအ၀င် လောင်းကစား လုပ်ကိုင်နေမူတွေ များလာတဲ့အတွက် သက်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးဖို့ တိုင်းဒေသကြီး လွှတ်တော်မှာ ဒီကနေ့  အဆိုတင်တိုက်တွန်းလိုက်ပါတယ်။

တရားမ၀င် နှစ်လုံးထီ၊ သုံးလုံးထီအပါဝင် လောင်းကစား လုပ်ငန်းလုပ်ကိုင်မှု တွေဟာ တနေ့တခြားများပြားလာလို့ သက်ဆိုင်ရာက  ဘယ်လိုနှိမ်နင်းဆောင်ရွက်ပေးမယ်ဆိုတာ  သိရှိလိုကြောင်း ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)  လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်တင်မာက  လွှတ်တော်မှာ  တင်ပြသွားတာပါ။

“မန်းခရိုင်တွေမှာ လောင်ကစားမူတွေပိုများလာပါတယ်။ သက်ဆိုင်ရာက အရေးယူဆောင်ရွက်မှ တချို့ မိသားစုတွေကို ဆင်းရဲတွင်းက ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဒေါ်တင်တင်မာကပြောပါတယ်။

နှစ်လုံးထီသုံးလုံးထီလောင်းကစားတွေကို အမျိုးသမီးအများစုကလုပ်ကိုင်ပြီး   ဘောလုံးပွဲ လောင်းကစားခြင်းကိုတော့ အမျိုးသားအများစုက ပြုလုပ်နေကြောင်း လေ့လာတွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက   မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လောင်းကစားမှုတွေ ပပျောက်ရေးအတွက် အရေးယူဆောင်ရွက်နေကြောင်း ၂၀၁၄ ခုနစ်မှာ လောင်းကစားမှု ၄၃၄မှု နဲ့ ၂၀၁၅ ခုနစ် မတ်လ ၁၉ရက်အထိ ၅၁ မှုကို ဖမ်းဆီးခဲ့တယ်လို့ပြောပါတယ်။

လောင်းကစားမှုတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့အတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်သတင်းပေးပို့တိုင်ကြားရန်နဲ့  တိုင်ကြားမှုတွေကို  စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်နေတယ်လို့လည်း  ဗိုလ်မှူးကြီး အောင်ကျော်မိုးက   ပြောပါတယ်။

မန္တလေးတိုင်းမှာ လောင်းကစားလုပ်ငန်းတွေ များလာလို့ သက်ဆိုင်ရာအနေနဲ့  တားဆီးဆောင်ရွက်ပေးနိုင်ဖို့ လွှတ်တော်မှာ အရင်ကလည်း အကြိမ်ကြိမ်တင်သွင်းအဆိုပြု မေးမြန်းခဲ့ပေမယ့် ယခုချိန်ထိ ပုန်းရိုးကွယ်ရိုး လုပ်ကိုင်သူတွေရှိသလို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်သူ လဲ ရှိကြောင်း  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013