DVB Logo
Home
မြန်မာသတင်း
အောင်တံခွန်သင်္ဘောနစ်မြုပ်မှု လွှတ်တော်စုံစမ်းရေးအဖွဲ့ စစ်ဆေးမည်
DVB
·
March 25, 2015
အောင်တံခွန်သင်္ဘောနစ်မြုပ်မှု လွှတ်တော်စုံစမ်းရေးအဖွဲ့ စစ်ဆေးမည်
Donate to DVB

လူတွေအများအပြား သေဆုံးခဲ့ရတဲ့ အောင်တံခွန်-၃ ခရီးသည်တင် သင်္ဘောနစ်မြုပ်မှုကိစ္စ စုံစမ်းစစ်ဆေးဖို့ ရခိုင် ပြည်နယ်လွှတ်တော်က  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့ရှိနေပါတယ်။

အောင်တံခွန်သင်္ဘောစတင်ထွက်ခွာ တောင်ကုတ်၊ ရပ်နားခဲ့တဲ့ ကျောက်ဖြူ၊နစ်မြုပ်ခဲ့တဲ့ မြေပုံနဲ့ ပြည်နယ်မြို့တော်စစ်တွေ စတဲ့မြို့လေးမြို့မှာ စုံစမ်းရေးအဖွဲ့ ၄ ဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

အစိုးရကဖွဲ့ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရှိပေမယ့်    မှန်ကန်တဲ့အချက် အလက်တွေရစေဖို  ပြည်နယ်လွှတ်တော်က စုံစမ်းရေးအဖွဲ့ထပ်မံဖွဲ့စည်းလိုက်တာလို့   ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“အဓိက အစိုးရအဖွဲ့မှာထွက်နေတဲ့ ကိန်းဂဏန်းအချက်အလက်တွေက ခုတမျိုး နောက်တမျိုး ဟိုလိုပြင်လိုက် ဒီလိုပြင်လိုက် အဲ့လိုမျိုးအခြေအနေရှိနေတော့ သတင်းအချက်အလက် အားနည်းတယ်လို့ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ကြတာပေါ့။ အဲ့ဒီတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူကြားက လာတာ၊ပြည်သူတွေကလည်း လွှတ်တော်ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန်ပြောနိုင်မယ်လို့ ယူဆကြတဲ့ အတွက်ကြောင့် အရေးတကြီးအဆိုတင်ပြီး အဖွဲ့ ဖွဲ့လိုက်တာပါ။”

ပြည်နယ်လွှတ်တော်စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့မှာ ပြည်နယ်အစိုးရက တဆင့် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြသွားမှာလည်း ဖြစ်ပါတယ်။

မတ်လ ၁၃ ရက်ညပိုင်းက မြေပုံမြို့အနီး အောင်တံခွန်သဘောင်္နစ်မြုပ်မှုမှာ လူ ၄၀ ကျော်သေဆုံးပြီး ၁၆၀ ကျော် ကယ်တင်နိုင်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ဒေသခံတွေက သေဆုံးသူဦးရေ ဒီ့ထက်များတယ်လို့ ပြောဆို သုံးသပ်နေကြပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို မလိမ်ညာဖို့ အစိုးရတာဝန်ရှိသူတွေကို သတိပေးပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013