
မန်ချက်စတာယူနိုက်တက် အသင်းဟာ အဓိကပြိုင်ပွဲ ၆ ပွဲမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ပရိသတ်တွေကြား နည်းပြပြောင်းလဲဖို့ တောင်းဆိုမှုတွေ ရှိနေတာကို နည်းပြ မိုက်ကယ် ကာရစ်က နားလည်ကြောင်း ဝန်ခံသွားတာပါ။
အခက်အခဲတွေကို အတူကျော်ဖြတ်ပြီး ရလဒ်ကောင်းတွေ ပြန်ရအောင် ယူပေးမယ်လို့လည်း ကာရစ်က ပြောကြားခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ်နဲ့ပွဲ မတိုင်မီမှာ ကာရစ်က အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ကို တွေ့မြင်ချင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဒဏ်ရာရရှိနေတဲ့ ကိုဘီ မိုင်နူး နဲ့ လုခ်ရှောတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ နွေရာသီမှာ ပေါင် သန်း ၇၀ နဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ကားလို့စ် ဘာလီဘာ ကတော့ ဒဏ်ရာသက်သာလာလို့ ပြန်လည်ပါဝင်လာနိုင်ပါတယ်။











