DVB Logo
Home
မြန်မာသတင်း
နယ်စပ်ခရီးသွားများကို ဆီးစစ်ဆေးမှုမလုပ်ရန် ထိုင်း-မြန်မာ သဘောတူ
DVB
·
March 25, 2015
နယ်စပ်ခရီးသွားများကို ဆီးစစ်ဆေးမှုမလုပ်ရန် ထိုင်း-မြန်မာ သဘောတူ
Donate to DVB

ထိုင်း-မြန်မာ ၂ နိုင်ငံ ခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့စေဖို့အတွက် တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေး တံတားဂိတ်အ၀င်အထွက်မှာ ခရီးသွားတွေထံကနေ ဆီးစစ်ပြီး မူးယစ်ဆေးဝါးစစ်ဆေးတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ထိုင်း-မြန်မာ နယ်ခြား ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (တီဘီစီ) က ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက  တာချီလိတ်မြို့မှာ ကျင်းပတဲ့ ထိုင်းမြန်မာ နယ်ခြားပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးမှာ နှစ်နီုင်ငံ  တာဝန်ရှိ သူတွေ ဆွေးနွေးအပြီး  ထိုင်းတီဘီစီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ပရဖတ် ဖုပ်ဆုဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဆီးစစ်တဲ့ကိစ္စမှာ ခရီးသွားပြည်သူတို့ အနှောင့်အယှက်ဖြစ်တယ်လို့ မြန်မာဘက်က တင်ပြလာတဲ့အတွက် ကျနော်တို့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ နှစ်ဘက်လုံးပဲ သဘောတူ ညီချက်ရခဲ့တယ်။ နောက်နောင်ကို မူးယစ်ဆေးဝါးစစ်ဆေးတဲ့နေရာမှာ ဆီးထဲ ပါဝင်မှု ရှိမရှိ စစ်ဆေးတာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။ မယ်ဆိုင်ဟာ တည်ငြိမ်အေးချမ်းတဲ့ဒေသ ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေကို ၀န်ဆောင်မှုပေးဖို့ အသင့်ပါ” လို့ပြောပါတယ်။

တကယ်လို့ ဆီးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်ဆိုရင် ဒီလိုလုပ်ဆောင်တဲ့ သက်ဆိုင်ရာ ဌာနတွေကို စစ်ဆေးအရေးယူသွားမယ်လို့လည်း ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံတွင်းဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက မူးယစ်ဆေးဝါး သုံးမသုံးသိရှိဖို့ ဆီးစစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံ နယ်ခြားကော်မတီအစည်းအဝေးမှာ မြန်မာဘက်က တင်ပြဆွးနွေးခဲ့ဖူးပါတယ်။

ဒီနောက် ထိုင်းနိုင်ငံ အမှတ် (၅) တိုင်းဒေသ စစ်ဌာနချုပ်က ထိုင်းပြည်သူတွေကို သတိပေးစာ ထုတ်ပြန်ထားရာမှာ မယ်ဆိုင်ကနေ တာချီ လိတ်ဘက်ကို ၀င်ရောက်လာသူတွေကို မြန်မာဘက်ကလည်း မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ဆီးစစ်မယ့်အကြောင်း၊ မူးယစ်ဆေးသုံးစွဲကြောင်းတွေ့ရှိက ဒဏ်တပ်မယ့်အကြောင်း မြန်မာဘက်က အသိပေး အကြောင်းကြားတယ်လို့ ထိုင်းသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ဒီစာနဲ့ပတ်သက်လို့ တာချီလိတ်မြို့နယ်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့   လတ်တလောဆီးစစ်တဲ့ကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိကြောင်း  တာဝန်ကျဒုရဲအုပ်တဦးက ပြောပါတယ်။

မြန်မာတီဘီစီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကိုကိုဦးက နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမယ့်အကြောင်း၊ နယ်စပ်ဂိတ် ဆီးစစ်ခြင်းကိစ္စမှာ သဘောတူချက်အတိုင်း သက်ဆိုင်ရာဝန်ထမ်းများမှလည်း လက်တွေ့လိုက်နာကျင့်သုံးဖို့ လိုအပ်ကြောင်းပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013