DVB Logo
Home
မြန်မာသတင်း
သွေးသစ္စာသီချင်း သံပြိုင်သီဆိုခဲ့ကြသည့် အချုပ်ကားပေါ်က ကျောင်းသားများ (ရုပ်သံ)
DVB
·
March 25, 2015
သွေးသစ္စာသီချင်း သံပြိုင်သီဆိုခဲ့ကြသည့် အချုပ်ကားပေါ်က ကျောင်းသားများ (ရုပ်သံ)
1 / 9
Donate to DVB

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တချို့ကို  ဒီနေ့ မနက် ၁၀နာရီ လောက်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့  အချုပ်ကားတွေနဲ့ ခေါ်ဆောင်သွားပါတယ်။

ကျောင်းသားတွေဟာ တရားရုံးကို ခေါ်ဆောင်လာရာလမ်းတလျှောက် အချုပ်ကားပေါ်မှာ သွေးသစ္စာ (အရေးကြီးပြီ) သီချင်းကို သံပြိုင်သီဆိုခဲ့ကြသလို သမဂ္ဂအလံတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

လက်ပံတန်း တရားရုံး ရှေ့မှာတော့ ကျောင်းသားမိဘတချို့လည်း မနေ့ကတည်းက လာရောက်စောင့်ဆိုင်းနေကြပြီး ဒီနေ့မနက်မှာ လုံခြုံရေးတွေ အရင်ကထက် တိုးမြှင့်ပြင်ဆင်နေကြပါတယ်။

ဒီနေ့ ရုံးထုတ်ဖို့ရှိတဲ့ ကျောင်းသားတချို့ကို မနေ့က ဆေးခန်းပြစစ်ဆေး တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းဒေသခံ ပြည်သူအယောက် ၂၀ကို မနေ့က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ရုပ်သံ-မျိုးဇော်လင်း

 

 

တရားရုံးထုတ်မှု မြင်ကွင်းများ (ဓာတ်ပုံ - ကောင်းထက်ကျော်)

[gallery ids="86927,86928,86929,86930,86931,86932,86933,86934,86935"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013