DVB Logo
Home
နိုင်ငံတကာ
Grand Canyon အမျိုးသားဥယျာဉ်၌ မြစ်ရေလျှံပြီး ၁ ဦးသေဆုံး ပျောက်ဆုံးနေသူများကို ရှာဖွေနေ
DVB
·
September 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်နိုင်ငံရှိ Grand Canyon အမျိုးသားဥယျာဉ်ကို တောင်ကျရေတွေ ဖြတ်စီးခဲ့အပြီး လူ တယောက် သေဆုံးကာ ၁၅ ယောက် ပျောက်ဆုံးနေပါတယ်။ 

အမျိုးသားဥယျာဉ်ရဲ့ Bright Angel ချောက်မှာ စနေနေ့က သိသာထင်ရှားတဲ့ ရေကြီးရေလျှံမှု ဖြစ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ South Rim ဧရိယာမှာ အဆင့် ၄ ရေကန့်သတ်ချက်တွေကို အကောင်အထည် ဖော်မယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ရေကြီးရေလျှံမှုဟာ ဥယျာဉ်တလျှောက် ရေပေးဝေတဲ့ ချိုင့်ဝှမ်းဖြတ်ကျော် ရေပိုက်လိုင်း အပါအဝင် ချောက်အတွင်းပိုင်းမှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို အပြင်းအထန် ပျက်စီးစေခဲ့တယ်လို့ ဥယျာဉ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဗီဒီယိုတွေမှာ တွေ့ရတဲ့ တောင်တက်လမ်းကြောင်း၊ ကျောက်ဆောင်တွေနဲ့ တံတားရဲ့ အပြင်အဆင် တို့က ဂြိုဟ်တုနဲ့ မော်ကွန်းတိုက်တို့ရဲ့ ပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုခဲ့ ပါတယ်။

သြဂုတ် ၂၉ ရက်မှာ ရေကြီးခဲ့တယ်လို့ Grand Canyon အမျိုးသားဥယျာဉ်က အတည်ပြု ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013