DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံ အရွယ်မရောက်သေးသူ ကိုချစ်ကို လက်ပံတန်းရဲစခန်းပြန်လွှတ်
DVB
·
March 24, 2015
ထိန်းသိမ်းခံ အရွယ်မရောက်သေးသူ ကိုချစ်ကို လက်ပံတန်းရဲစခန်းပြန်လွှတ်
Donate to DVB

လက်ပံတန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အရွယ်မရောက်သေးတဲ့ အသက် ၁၅ နှစ်အရွယ် လက်ပံတန်း ဒေသခံ ကိုချစ် (ခေါ်) မောင်ထွန်းထွန်းနိုင်ကို ဒီကနေ့  ပြန်လွှတ်ပေးလိုက်ပါတယ်။

သူ့ကို လက်ပံတန်းရဲစခန်းအချုပ်ရဲ့ အပြင်မှာ ထိန်းသိမ်းထားခဲ့တယ်လို့ ကိုချစ်က ပြောပါတယ်။

“သားအထဲမှာဆိုတာက ရဲစခန်းအချုပ်ရဲ့ အပြင်ဘက်မှာပေါ့။ ကင်းထဲမှာ နေရတယ်။ သားကတော့ဟိုမှာ အေးအေးဆေးဆေးနေရတယ်။ ဟိုစခန်းမှူးကြီးကို သားက ဆံပင်မွှေးလေးတွေတော့ နုတ်ပေးတယ်။”

လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မတ်လ ၁၀ ရက်နေ့တုန်းက သူ့အကိုနဲ့ လိုက်လည်ရင်း လက်ပံတန်းစိုက်ပျိုးရေးရုံးရှေ့မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

နောက်တနေ့သူ့ကို သာယာဝတီထောင်ကနေ ရုံးထုတ်စစ်ဆေးဖို့ လက်ပံတန်းကို ခေါ်ဆောင်ခဲ့ပြီး မြို့နယ်တရားရုံးမှာ အသက်မပြည့်ဘူးဆိုပြီး ရုံးထုတ်စစ်ဆေးတာ မလုပ်တော့ဘဲ ရဲစခန်းက ထိန်းသိမ်းခဲ့တာပါ။

“သာယာဝတီကနေပြီးတော့ လက်ပံတန်းရဲစခန်းမှာ စစ်မယ်ဆိုပြီးတော့ သားကိုခေါ်လာတာ။ တရားရုံးကိုရောက်တော့ အသက်မပြည့်ဘူးဆိုပြီး သားကို ခဏထိန်းသိမ်းထားတာတဲ့။ အဲဒါ ရဲစခန်းထဲမှာ ၁၄ ရက်ကြာတယ်။”

သူ့ကို ထိန်းသိမ်းထားချိန် မိခင်ဖြစ်သူနဲ့ မူလက တွေ့ခွင့်မရဘဲ ၂၀ ရက်နောက်ပိုင်းမှ တွေ့ခွင့်ရ ခဲ့တဲ့အကြောင်း အကျဉ်းကျခံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုချစ်က “သားအထဲမှ စိတ်တွေကတော့ အသားကုန်ညစ်တယ်။ သူများတွေက သွားလာနေတော့ သားကလည်း ထွက်ချင်တယ်။ သွားချင်တယ်။ သားက ၀မ်းနည်းတာပဲရှိတယ်။”လို့ ပြောပါတယ်။

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၂၇ ဦးရှိတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာပါ။

ကျောင်းသားနဲ့ သတင်းထောက် ၂ ဦး အပါအ၀င် ၃၀ ခန့်ကိုပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့တော့ ကိုချစ် အပါအ၀င် ၂၀ ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013