DVB Logo
Home
မြန်မာသတင်း
ဗြိတိန်နှင့် သြစတြေးလျရေနံကုမ္ပဏီကြီးများရခိုင်ကမ်းလွန်တွင် ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ
DVB
·
March 24, 2015
Donate to DVB

သြစတြေးလျအခြေစိုက် Woodside ကုမ္ပဏီနဲ့ ဗြိတိန်အခြေစိုက် BG ကုမ္ပဏီအုပ်စုတွေဟာ  ရခိုင်ကမ်းလွန်က   ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၄ ခုမှာ  အမေရိကန် ဒေါ်လာ  ၁ ဒသမ ၀၈ ဘီလီယံထိ   ရင်းနီးမြှုပ်နှံလုပ်ကိုင်ဖို့  အစီအစဉ်ရှိတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီကုမ္ပဏီတွေဟာ ရခိုင်ကမ်းလွန်က  A-4 ၊A-7၊ AD-2 နဲ့ AD-5  လုပ်ကွက်တွေမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက  လုပ်ကိုင်ခွင့်ရထားတာဖြစ်ပြီး ရှာဖွေတူး ဖော်ရေး လုပ်ငန်းတွေ ကတော့ ၇ နှစ် ၈ နှစ်ကြာလိမ့်ဦးမယ်လို့ ဆိုပါတယ်။

ရေတိမ်လုပ်ကွက်တွေမှာ အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၅ သန်း အနည်းဆုံး ရင်းနှီးမြုပ်နှံလုပ်ကိုင်မှာဖြစ်ပြီး  ရေနက်ပိုင်း လုပ်ကွက်ကတော့ ဒေါ်လာ ၅၃၅ ဒသမ၁ သန်း အနည်းဆုံး ရှိတယ်လို့  စွမ်းအင်ဝန်ကြီးဌာနအရာရှိတဦးကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့  ဗြိတိန်အခြေစိုက်    BG Exploration & Production Myanmar Pte.,Ltd ၊ ဩစတြေးလျနိုင်ငံအခြေစိုက်  Woodside Energy (Myanmar) Pte. Ltd. တို့ ပူးပေါင်းပြီး ရခိုင်ကမ်းလွန်ရေနံလုပ်ကွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ချုပ်ကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။

သြစတြေးလျရေနံကုမ္ပဏီ Woodside ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ မစ္စတာ ဖီးလ်လိုဒါ က “ ရခိုင်ကမ်းလွန်ဟာ ထင်ပေါ်ကျော်ကြားလာနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နယ်ပယ်တခု ဖြစ်ပြီး ရေနက်ပိုင်းမှာ တူးဖော်ရှာဖွေဖော်ထုတ်နိုင်တဲ့ Woodsideကုမ္ပဏီရဲ့ လုပ်နိုင်စွမ်းနဲ့  အရမ်းကိုက်ညီမှုရှိတယ်” လို့  ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံက ခွင့်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ  လျှပ်စစ်ကဏ္ဍပြီးရင် ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံးဖြစ်ပြီး  ပမာဏ အမေရိကန်ဒေါ်လာ ၁၇၅၉၂ ဒသမ ၅၇၈ သန်း ရှိတယ်လို့  ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့  ဖေဖော်ဝါရီ စာရင်းအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013