DVB Logo
Home
မြန်မာသတင်း
စာစီစာကုံးပြိုင်ပွဲပထမဆုရ မြန်မာကလေးငယ်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆုချီးမြှင့်
DVB
·
March 24, 2015
စာစီစာကုံးပြိုင်ပွဲပထမဆုရ  မြန်မာကလေးငယ်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆုချီးမြှင့်
1 / 4
Donate to DVB

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စာစီစာကုံးပြိုင်ပွဲမှာ ထူးချွန်စွာရေးသားပြီး ပထမဆုရသွားတဲ့ ချင်းမိုင်ခရိုင်က မြန်မာကျောင်းသူတစ်ဦးကို ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ကိုယ်တိုင် ဆုချီးမြှင့်ပေးအပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံပြန်ကြားရေးဦးစီးဌာနကကျင်းပတဲ့ ထိုင်းလူမျိုးတို့ကျင့်သုံးဆောင်ရွက်ချက် ၁၂ ချက် အမည်ရ စာစီစာကုံးပြိုင်ပွဲမှာ ချင်းမိုင်ခရိုင် ဖန်မြို့နယ် ၀ိန်းဝိုင်အလယ်တန်းကျောင်း ဆဌမတန်းမှာ ပညာသင်ကြားနေတဲ့ နန်းရွေဟန် အသက် ၁၃ နှစ်ရွယ် မြန်မာ ကျောင်းသူက ဆုရရှိသွားတာပါ။

နန်းရွှေဟန်က စာစီစာကုံးပြိုင်ပွဲမှာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ချိုးခြံချွေတာခြင်းနဲ့ တင်းတိမ် ရောင့်ရဲခြင်းဆုံးမစကားကို မိမိနေ့စဉ်ဘ၀နဲ့ မိသားစုတွင်း လက်တွေ့ကျင့်သုံးပုံအကြောင်း ရေးသားသီကုံးခဲ့တာလို့ ထိုင်းပီဘီအက်စ် သတင်းမှာဖော်ပြပါတယ်။
စာစီစာကုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတ၀န်း အခြေခံပညာကျောင်းတွေက ကျောင်းသားပေါင်း ၅၇၃၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရသူပေါင်း ၃၄ ဦးရှိရာမှာ နန်းရွှေဟန်က အလယ်တန်းဆင့်မှာ ပထမရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆုပေးပွဲကို ဘန်ကောက်ရှိ အစိုးရအိမ်တော်မှာ မတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာကိုယ်တိုင် တက်ရောက်ဆုရရှိသူ ကျောင်းသူ ကျောင်းသားတွေကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။

အလယ်တန်းဆင့်ကနေ ပထမရသူ နန်းရွှေဟန်ကိုတော့ ဂုဏ်ပြုလက်မှတ်နဲ့ ဘတ်ငွေ ၂ သောင်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
အဆိုပါစာစီစာကုံးပြိုင်ပွဲကို မြို့နယ်ကိုယ်စားပြုအနေနဲ့ ၀င်ပြိုင်ရာမှာ ပထမဆုရရှိခဲ့တာလို့ သူ့ရဲ့ လက်ဦးဆရာဖြစ်သူ ခူးပဆစ်ပန်းယား က ဒီဗွီဘီကို ပြောပါတယ်။

‘“ကျနော်တို့ ဒွိုင်ထတ်ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ မူလတန်းပညာသင်ပြီး အလယ်တန်း ရောက်တော့ ၀ိန်းဝိုင်ကို ပြောင်းသွားပါတယ်။ မိန်းကလေးက ဆရာမိဘစကားကို နားထောင်တယ်။ ပညာတော်တယ်။ မနှစ်က ကလေးပန်းချီပြိုင်ပွဲမှာလည်း ပထမရတယ်။ ဒီနှစ် စာစီစာကုံးပြိုင်ပွဲမှာ နိုင်ငံတော်အဆင့်ထိ ပါသွားတော့ ၀မ်းသာပါတယ်။ သူ့မိဘတွေလည်း ၀မ်းသာတယ်။”

နန်းရွေဟန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းကျေးရွာက ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်တဲ့ စိုင်းတနဲ့ နန်းဟိန်းတို့ရဲ့ တဦးတည်းသော သမီးဖြစ်ပြီး မိဘ ၂ ပါးနဲ့အတူ ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရောက်ရှိလာခဲ့တာပါ။ ဖခင်ဖြစ်သူက ကျပန်းအလုပ်သမားဖြစ်ပြီး မိခင်ဖြစ်သူမှာ ခြေထောက်မသန်စွမ်းသူတဦး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်က မြန်မာ အလုပ်သမားတွေရဲ့ ကလေးငယ်တစ်ဦးဖြစ်သူ မောင်ရာဇာဟာလည်း မူလတန်းအဆင့် ထိုင်း တနိုင်ငံလုံး လက်ရေးလှပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ - Waraluck Udomsub

[gallery ids="86805,86806,86807,86808"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013