DVB Logo
Home
မြန်မာသတင်း
အတွင်းဝန်ရုံး ပါတီပွဲ ကာယကံရှင်များ ပြန်ရှင်းလင်း
DVB
·
March 24, 2015
အတွင်းဝန်ရုံး ပါတီပွဲ ကာယကံရှင်များ ပြန်ရှင်းလင်း
1 / 3
Donate to DVB

ဖေ့ဘွတ်ခ် အင်တာနက်လူမှုရေး ကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ရှိနေတဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ပါတီပွဲ ကျင်းပတာဟာ မွေးနေ့ပွဲအနေနဲ့ ကျင်းပတာ မဟုတ်ဘူးလို့ အနော်မာ အနုပညာအဖွဲ့က တုံ့ပြန်လိုက်ပါတယ်။
အတွင်းဝန်များရုံးမှာ ပါတီပွဲ ကျင်းပတဲ့ ဓာတ်ပုံတွေဟာ ဦးနေ၀င်းရဲ့မြေး ဦးအေးနေ၀င်းရဲ့ ဖေ့ဘွတ်ခ်ကနေ တဆင့် စတင်ပျံနှံလာတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရတဲ့နေရာ၊ ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တဲ့နေရာ စတဲ့ သမိုင်းအစဉ်အလာတွေ ရှိသလို အမေရိကန်သမ္မတ အိုဘားမား လာရောက်ကြည့်ရှု့ခဲ့ရတဲ့ဒီလိုနေရာမှာ ပါတီပွဲကျင်းပတာကို လူအများ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

"အနော်မာအဖွဲ့အနေနဲ့ ဒီပရောဂျက်ကို ရေရှည်ဆောင်ရွက်တဲ့အခါမှာ တခြားသူများရဲ့ လူအား၊ ငွေအား၊ အကြံဥာဏ်အား၊ အဆက်အသွယ်အားစတဲ့ အကူအညီနဲ့ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အစိုးရနဲ့ အပြီးသတ်စာချုပ်ချုပ်ပြီး မကြာခင်မတ်လ ၂၁ ရက် နေ့ညက ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပရောဂျက်အကြောင်း တွေ့ဆုံအသိပေးခဲ့ပါတယ်။ စိတ်ပါဝင်စားသူတွေဆီက ကူညီပံ့ပိုးမှုတွေကို ရယူနိုင်ဖို့ ဖြစ်ပါတယ်" လို့ ပွဲကျင်းပခဲ့တဲ့ အနော်မာ အုပ်စုက ဒေါ်သီသီထွန်းက ဖေ့ဘွတ်ခ်ကနေ ပြန်လည် ရှင်းလင်းထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း "မွေးနေ့ပွဲ လုပ်တယ် ဆိုရင် ဒီလုပ်ရပ်ကို ကျနော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အဦ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါ့ကြောင့် YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်”လို့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

YHT ကတော့ အစိုးရရဲ့ တာဝန်ပေးချက်အရ ပြည်ပပညာရှင်အဖွဲ့တွေနဲ့ အမွေအနှစ်တန်ဖိုး အနည်းအများအလိုက် အသုံးချမယ့်အပေါ် ဆန်းစစ်ခြင်းကိုသာ လုပ်ဆောင်ခဲ့ကြောင်း ညတွင်းချင်း တုံ့ပြန်ခဲ့ပါတယ်။

"YHT အနေဖြင့် အဆောက်အအုံအား လက်ရှိတွင် စီမံခန့်ခွဲခြင်းမရှိသကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သည့်နေရာကမှ ပါဝင်ခြင်းမရှိပါ။ မိမိတို့အနေနဲ့ ၀န်ကြီးများရုံး အဆောက်အအုံသည် ရန်ကုန်မြို့ရှိ အမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးချရေးဆောင်ရွက်ရာတွင် စံနမူနာတခု ဖြစ်ရန် မျှော်လင့်ပါသည်" လို့ YHT ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အတွင်းဝန်ရုံးဟောင်းကို ၂၀၁၁ တုန်းက ပုဂ္ဂလိကကို လွှဲပြောင်းခဲ့ရာမှာ အနော်မာ အနုပညာအဖွဲ့က သမိုင်းပြတိုက်နဲ့ ရိုးရာယဉ်ကျေးမှုအနုပညာပြတိုက်အဖြစ် ပြန်လည်အသုံးချဖို့ တင်ဒါအောင်မြင်ခဲ့ပါတယ်။
ဒီမွေးနေ့ပွဲကို ကျင်းပခဲ့တဲ့ ဒေါ်သီသီထွန်းဟာ အရင် စစ်အစိုးရအဖွဲ့ဝင် ကုန်သွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်နဲ့ ဒေါ်နီနီတို့ရဲ့ ဒုတိယသမီး ဖြစ်ပါတယ်။

ကျင်းပသွားတဲ့ပွဲကို စီးပွားရေးနဲ့ အနုပညာသမားတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

[gallery ids="86791,86792,86793"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013