DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမ၀င် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
March 23, 2015
ထိုင်းနိုင်ငံတွင်း တရားမ၀င် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ချနဘူရီခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၁၀ ဦး ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၂ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက အမှတ် ၉ တိုင်းဒေသ အမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်၊ လ၀ကရဲတပ်ဖွဲ့နဲ့ နယ်မြေခံပြည်သူ့စစ်တွေ ပူးပေါင်းပြီး စစ်ဆေးရေးလုပ်ဆောင်စဉ် ဘန့်ခေါဝ်ကျေးရွာမှာရှိတဲ့ ဘန်ဖူးနမ့်လွန် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာလို့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး ဆထားဖွန်း ထိပ်ဖတ်ဒီ က သတင်းထောက်တွေကို ပြောပါတယ်။

ဖူးနမ့်လွန့်-ဟွေ့နမ့်ခေါဝ်သွား ကားလမ်းမကြီးပေါ်ကနေ တရားမ၀င်အလုပ်သမားတွေပို့ ဆောင်ဖို့ရှိတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့တာလို့ လည်းဆိုပါတယ်။

တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားသူ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၀ ဦးရှိပြီး အားလုံးမြန်မာနိုင်ငံသားတွေဖြစ်တဲ့အကြောင်းနဲ့ ကားမောင်းသူ ကိုလင်း (၀မ်းချိုင်း- အသက် ၃၂ နှစ်)ကတော့ လူကုန်ကူးမှုနဲ့ပါ အရေးယူခံရဖို့ ရှိတယ်လို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်က ဘန်ကောက်ပို့စ်သတင်းကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013