Home
မြန်မာသတင်း
စစ်ရေးလေ့ကျင့်မည့် မာန်အောင်ကျွန်းအနီးဖြတ်သန်းမသွားရန်သတိပေး
DVB
·
March 23, 2015
10390136_761915213860400_4170031212595681998_n
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်ထဲမှာ မြန်မာတပ်မတော် ရေတပ်က စစ်ရေးလေ့ကျင့်ဖို့ရှိနေတဲ့အတွက် သင်္ဘောနဲ့ လေယာဉ်တွေ ဖြတ်သန်းသွားလာမှု မလုပ်ဖို့ အစိုးရက သတိပေးထုတ်ပြန်ပါတယ်။ မာန်အောင်ကျွန်း အနောက်ဘက်ပင်လယ်ပြင်မှာ လာမယ့် မတ်လ ၂၇ ရက်ကနေ ဧပြီ ၆ ရက်အတွင်း စစ်ရေယာဉ်တွေက ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ လက်နက်တွေ လေ့ကျင့်ပစ်ခတ်မှု လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် ဧရိယာ ၅ မိုင်ပတ်လည်မှာ သင်္ဘောကြီးငယ်တွေ၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္မာန်တွေ ဖြတ်သန်းသွားတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာတွေမလုပ်ဖို့နဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅၀၀၀ အောက် ပျံသန်းခြင်းမပြုဖို့ အသိပေးကြညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024