အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ အကြမ်းဖက်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ပါဝင်လိုခြင်းမရှိကြောင်း NATO မဟာမိတ်နိုင်ငံအများစုက အမေရိကန်ကို အသိပေးလာခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၇ ရက်မှာ Truth Social ပေါ်မှာ ထုတ်ဖော်ပြောပါတယ်။အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ အကြမ်းဖက်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ပါဝင်လိုခြင်းမရှိကြောင်း NATO မဟာမိတ်နိုင်ငံအများစုက အမေရိကန်ကို အသိပေးလာခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၇ ရက်မှာ Truth Social ပေါ်မှာ ထုတ်ဖော်ပြောပါတယ်။
ဒီအပေါ်မှာ အမေရိကန်ကလည်း ဘယ်မဟာမိတ်နိုင်ငံရဲ့ အကူအညီကိုမှ မလိုအပ်ဘူးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
မဟာမိတ်နိုင်ငံ အများစုက အီရန်ကို နျူကလီးယားလက်နက် မရရှိစေဖို့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြပေမဲ့ တိုက်ရိုက် စစ်ရေးပါဝင်မှုတော့ မလိုလားကြောင်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ဘက်က NATO အဖွဲ့ကို တနှစ် ဒေါ်လာဘီလီယံ ရာပေါင်းများစွာ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး အဲဒီနိုင်ငံတွေကို ကာကွယ်ပေးနေပေမဲ့ အမေရိကန်က အရေးတကြီး လိုအပ်ချိန်မှာတော့ ဘာမှပြန်လုပ်မပေးဘူးလို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
NATO ကိုလည်း တလမ်းသွားအဖြစ် အမြဲယူဆခဲ့တာကြောင့် သူတို့ရဲ့လုပ်ရပ်ကိုလည်း မအံ့ဩဘူးလို့ ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်စစ်တပ်နဲ့ ရေတပ်၊ လေတပ်နဲ့ ရေဒါစနစ်တွေ အားလုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး သူတို့ရဲ့ အဆင့်ဆင့်သော ခေါင်းဆောင်ပိုင်းတွေလည်း မရှိတော့ဘဲ စစ်ရေးအောင်မြင်မှုတွေကို ရရှိထားတာကြောင့် လက်ရှိအချိန်မှာ NATO မဟာမိတ်နိုင်ငံတွေရဲ့ အကူအညီကို လိုလည်း မလိုအပ်တော့သလို လိုလည်း မလိုချင်ပါဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ဒါ့အပြင် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျနိုင်ငံတွေရဲ့ အကူအညီကိုလည်း မလိုအပ်ကြောင်း ပြောဆိုပြီး အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်တာကြောင့် ဘယ်သူ့အကူအညီမှ မလိုအပ်ဘူးလို့လည်း အလေးအနက် ပြောကြားခဲ့ပါတယ်။
Source: Reuters










