DVB Logo
Home
Lead Story
သမ္မတအရည်အချင်း သတ်မှတ်ချက် ဦးသိန်းသန်းဦး ရှင်းတမ်း - မေးမြန်းချက်
DVB
·
March 22, 2015
သမ္မတအရည်အချင်း သတ်မှတ်ချက် ဦးသိန်းသန်းဦး ရှင်းတမ်း - မေးမြန်းချက်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံက သမ္မတ အရည်အချင်း သတ်မှတ်ချက် တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောဆိုလိုက်ပါ တယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းမှာ သမ္မတ ဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက် ပုဒ်မနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းတာ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာကတည်းက ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဖြေဆိုသွားပါတယ်။

မြန်မာပြည်ဟာ လူဦးရေများတဲ့ တရုတ်နဲ့ အိနိယလို နှစ်နိုင်ငံကြားမှာ ရှိလို့ အချုပ်အခြာကို ကာကွယ်ချင်လို့ ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လွှတ်တော် လုပ်ထုံးလုပ်နည်းအတိုင်း ပြည်သူ့ ဆန္ဒ ခံယူပြီး ပြည်သူကလည်း ပြင်ချင်တဲ့ ဆန္ဒရှိရင် ကန့်ကွတ်စရာ မရှိဘူးလို့ သမ္မတက ပြောသွားပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံပါ သမ္မတ ဖြစ်ခွင့်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက သမ္မတ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ မန္တလေးမြို့က ရှေ့နေ ဦးသိန်းသန်းဦးကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013