
ဗြိတိန်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက RAF ဖဲဖို့ဒ် လေတပ်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ကို ကူညီခဲ့တယ်ဆိုတဲ့ သံသယနဲ့ အမျိုးသားနှစ်ယောက်ကို ပြန်လည် ဖမ်းဆီးခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့ (CTP) ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူတွေဟာ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတယောက်နဲ့ အသက် ၂၅ နှစ်အရွယ် ဗြိတိန်-အီရန် နှစ်နိုင်ငံသား တယောက်တို့ ဖြစ်ကြပြီး ဒီစုံစမ်းစစ်ဆေးမှုဟာ အီရန်နိုင်ငံနဲ့ သက်ဆိုင်နေတယ်လို့ ထပ်မံအတည်ပြုခဲ့ပါတယ်။
ဒီလို ပြန်လည်ဖမ်းဆီးမှုဟာ အီရန်နဲ့ ဆက်စပ်နေတဲ့ ခြိမ်းခြောက်မှုတခုကြောင့် စခန်းထဲက အမေရိကန် B-1 ဗုံးကြဲလေယာဉ်တွေကို ရုပ်သိမ်းခဲ့ရတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ် ပြောကြားခဲ့ပြီးနောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတဲ့ စုံစမ်းစစ်ဆေးမှုရဲ့ နောက်ဆုံး အခြေအနေပဲ ဖြစ်ပါတယ်။
အီရန်ကတော့ စွပ်စွဲထားတဲ့ ပူးပေါင်းကြံစည်မှုတွေမှာ အကျုံးဝင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters











